သာကေတမြို့နယ်က နှစ်လောင်းပြိုင်လူသတ်မှုကို ခရိုင်ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းစစ်ဆေးနေ


သာကေတမြို့နယ် မြရည်နန္ဒာအိမ်ရာမှာ ဇွန်လ (၁)ရက် ဒီနေ့ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူသတ်မှုမှာ သေဆုံးသူတွေဟာ အသက် (၄၀)၀န်းကျင် နိုင်ငံခြားသားအမျိုးသားတစ်ဦးနဲ့ အသက် (၃၀)၀န်းကျင် အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။


 အမျိုးသားရဲ့ အလောင်းကိုတော့ နေအိမ်အပေါ်ထပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အမျိုးသမီးအလောင်းကိုတော့ နေအိမ်အောက်ထပ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ (၁၀)တောင် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က ပြောပါတယ်။


 သေဆုံးသူ အမျိုးသားရဲ့ ဗိုက်နဲ့ ရင်ဘတ်တွေမှာ ဓားဒဏ်ရာတွေတွေ့ရပြီး အမျိုးသမီးမှာတော့ လည်ပင်းနဲ့ ပေါင်တွေမှာ ဓားဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဦးထွန်းနိုင်က ဆိုပါတယ်။ သေဆုံးသူ(၂)ဦးနဲ့အတူ အဖော်(၂)ဦးလည်း အဲဒီနေအိမ်မှာ နေတယ်လို့ ပတ်ဝန်းကျင်ရဲ့ ပြောစကားအရ သိရပါတယ်။


 ဒါ့အပြင် အဲဒီခြံအပြင်မှာရော ခြံထဲမှာပါ CCTV တွေကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - တင်ထက် (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
သာကေတမြို့နယ်က နှစ်လောင်းပြိုင်လူသတ်မှုကို ခရိုင်ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းစစ်ဆေးနေ သာကေတမြို့နယ်က နှစ်လောင်းပြိုင်လူသတ်မှုကို ခရိုင်ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းစစ်ဆေးနေ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.