တာချီလိတ်မြို့မိုင်းကိုးတွင် အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် အဆုံးစီရင်


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု မယ်ညီ(အောက်)ရွာတွင် အသက်(၅၀)အရွယ်အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်ထားသည်ကို ဇွန်လ (၂)ရက်နေ့တွင် ဆွေမျိုးများက တွေ့ရှိရကြောင်း သိရသည်။

အဆိုပါအမျိုးသားအလောင်းအား သယ်ယူရန် တာချီလိတ်မြို့ မရဲစခန်းမှ ဇွန်လ (၂)ရက်နေ့ နေ့လယ် (၁၁) နာရီတွင် တာချီလိတ်နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းလာသဖြင့် သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

" သေဆုံးသူမှာ ရောဂါဝေဒနာများ ခံစားနေရသဖြင့် မကြာခဏ ငါသေရင်ကောင်းမယ်"ဟု ပြောကြားဖူးကြောင်း ၎င်း၏မိသားစုများထံမှ သိရသည်။

၎င်းကိုင်ဆောင်သော တူမီးသေနတ်ဖြင့် ဇွန်လ (၁)ရက်နေ့ ညနေ (၆)နာရီခန့်က သေကြောင်း ကြံစည်သွားသည်ဟု ခန့်မှန်းထားပြီး သူ၏အလောင်းအား ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ဆွေမျိုးများကတွေ့ ရှိသသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား စစ်ဆေးရန် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး ရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net
တာချီလိတ်မြို့မိုင်းကိုးတွင် အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် အဆုံးစီရင် တာချီလိတ်မြို့မိုင်းကိုးတွင် အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် အဆုံးစီရင် Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.