ရပ်ထားသောယာဉ်အား ဆိုင်ကယ်က တိုက်မိ၍ ၃ ဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော်၊ ဇွန် ၁

၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနော်ရထာတံတားချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆိပ်ဖြူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေး ချက်အရ ကားစက်ချို့ယွင်း၍ လမ်းဘေး၌ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ချောက်မြို့ဘက်မှ ဆိပ်ဖြူဘက်သို့ ဆိပ်ဖြူမြို့၊ မာလာမြိုင်ရပ်နေ မြင့်မောင်မောင်စိုး(၂၁)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက် တည်းနေ အောင်ကိုကိုမြင့်(၂၁)နှစ်၊ အောင်မြင့်ကျော်(ခ)ကုလား(၂၂)နှစ်နှင့် နေသူရဦး(၂၂)နှစ်တို့ လိုက်ပါလာသည့် ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲတိုက်မိရာ အောင်ကိုကိုမြင့်၊ အောင်မြင့်ကျော် (ခ)ကုလားနှင့် နေသူရဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိသေဆုံးသွားခဲ့ပြီး မြင့်မောင်မောင်စိုးတွင် ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ဆေးသိရှိရ၍ ယာဉ်မောင်း မြင့်မောင်မောင်စိုး အား ဆိပ်ဖြူမြို့မ ရဲစခန်းယာဉ်(ပ)၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရပ်ထားသောယာဉ်အား ဆိုင်ကယ်က တိုက်မိ၍ ၃ ဦးသေ၊ တစ်ဦးဒဏ်ရာရ ရပ်ထားသောယာဉ်အား ဆိုင်ကယ်က တိုက်မိ၍ ၃ ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.