ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းမိုရာကြောင့် အိမ်ပေါင်း ၄၀၀၀ ကျော်နှင့် စာသင်ကျောင်းပေါင်း ၁၃၂ ဆောင် ပျက်စီး


နိရဉ္စရာ၊ ဇွန် ၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် မေလ ၂၉ ရက်နေ့ က တိုက်ခတ်သွားခဲ့သော ဆိုင်ကလုန် မုန်းတိုင် မိုရာကြောင့် အိမ်ခြေ ၄၀၀၀ ကျော်ပျက်စီးပြီး စာသင်ကျောင်းပေါင်း ၁၃၂ ဆောင် ပျက်စီးသွားခဲ့သည်ဟု ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာသို့ ကျောင်းအပျက်အစီးများစစ်ဆေးရန် ရောက်ရှိနေသော ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူအား နိရဉ္စရာမှ တွေ့ဆုံမေးမြန်းစဉ် သူကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အခုကျွန်တော်တို့ စုဆောင်းကောက်ခံရရှိထားတဲ့ စာရင်းအရ အိမ်ခြေပေါင်း ၄၂၀၀ ကျော် ပျက်စီးပါတယ်။ လုံးဝ ပြိုလဲ ပျက်စီးသွားတဲ့ အိမ်ပေါင်းက ၃၀၀ ကျော်ရှိပါတယ်။ စာသင်ကျောင်း ၉၆ ကျောင်းက ကျောင်းဆောင်ပေါင်း ၁၃၂ ဆောင်ပျက်စီးပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၅၆ ကျောင်းပျက်စီးခဲ့သည်ဟု လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

(ရန်အောင်ပြင်အထက(ခွဲ) နှင့် ကျောင်းသူ ကျောင်းသားများ)

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းမိုရာကြောင့် အိမ်ပေါင်း ၄၀၀၀ ကျော်နှင့် စာသင်ကျောင်းပေါင်း ၁၃၂ ဆောင် ပျက်စီး ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းမိုရာကြောင့် အိမ်ပေါင်း ၄၀၀၀ ကျော်နှင့် စာသင်ကျောင်းပေါင်း ၁၃၂ ဆောင် ပျက်စီး Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.