ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ၆ဦးသေ၊ ၈၇ဦး ဒဏ်ရာရ

ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

    ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၏ အသုဘအခမ်းအနားတစ်ခုတွင် ဇွန်လ ၃ ရက် က ဗုံးပေါက်ကွဲမှု ၃ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ ဦးသေဆုံးပြီး အခြားလူ ၈၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က အတည်ပြုပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်၌ “ကဘူးလ်မြို့က အသုဘအခမ်းအနားတစ်ခုကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၆ဦးသေဆုံးပြီး ၈၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟုပါရှိသည်။အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ လူ ၁၈ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဒေသခံ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းရုပ်သံလိုင်း တိုလို က ကဘူးလ်မြို့ ၏ အမှတ် (၁၁) ရဲခရိုင် ရှိ Sara-e-Shamali ရပ်ကွက် တွင် ပြုလုပ်ခဲ့သော Salim Ayzedyar ၏ အသုဘအခမ်းအနားသို့ လူရာပေါင်းများစွာ တက်ရောက်လာစဉ် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။Salim သည် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Alam Ayzedyar ၏ သားဖြစ်ပြီး ကဘူးလ်မြို့တွင် ဇွန် ၂ ရက် က ဖြစ်ပွားခဲ့သော ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့များ အကြား ပဋိပက္ခဖြစ်ပွားမှု တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ၆ဦးသေ၊ ၈၇ဦး ဒဏ်ရာရ ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ၆ဦးသေ၊ ၈၇ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.