ကလေး၊ဇွန် ၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင် ၂၀၁၆ခုနှစ်၊သြဂုတ်လ၊၂၄ရက်ညပိုင်းက လမ်းဆုံ မြို့လည်ရှိ မီလျံနာကွန်ပြူတာနှင့်ဖုန်းဟန်းဆက်အရောင်းဆိုင် ကိုဖောက်ထွင်း၍ဟန်းဆက်များခိုးယူသွားသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်းသတင်းရရှိသည်။
အမှတ်(၁၃)မှုခင်းတပ်ဖွဲ့စု မုံရွာ နှင့် ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
တန်ဆည်မြို့မရဲစခန်းတွင် ခိုးမှုဖြင့် မသင်္ကာသူများကိုစစ်ဆေးရာမှ ၂၀၁၆ခုနှစ်၊သြဂုတ်လ ၂၄ရက်ညပိုင်းတွင်ဖုန်းဆိုင်ဖောက်ထွင်းခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။
၎င်းအမှုစစ်အရာရှိ နယ်ထိန်းခေါင်းဆောင်ဗိုလ်ဗိုလ်ဝင်းထွဋ်က " ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး၊မုံရွာမှုခင်းတပ်ဖွဲ့စုအမှတ်၁၃နှင့်နီးစပ်ရာရဲစခန်းများကို ပျောက်ဆုံးသွားတဲ့ဖုန်း MIEIနံပတ်တွေနဲ့ ကူညီစုံစမ်းပေးနိုင်ပာရန်ပေးပို့ဖြန့်ဝေခဲ့တယ်၊စုံစမ်းနေတဲ့အချိန်မှာ ဘဲ တန်ဆည်ရဲစခန်းမှာ ခိုးမှု ပ ၁၂၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အမှုက မသင်္ကာသူတွေကို စစ်ဆေးတော့ ဖောက်ထွင်းခိုးယူမှုပေါ်ပေါက်ခဲ့တာ၊
၂၀၁၆ ခုနှစ်၊သြဂုတ်လက ဆိုင်ကယ်တစ်စီးနဲ့ကလေးမြို့သို့သွားပြီး၊ မြို့တွင်းလှည့်ပတ်သွားပြီးတော့ ညအစောင့်မရှိဘဲဆိုင်များအားသော့ခတ်ထားသော ဖုန်းအရောင်းဆိုင်တွေလိုက်ကြည့်ရှုရာ၊မီးပွိုင့်အနီးဆိုင်တစ်ဆိုင်မှာ ညစောင့်မရှိဘဲ သော့များခတ်ထားတာကိုတွေ့ရှိရပြီးတော့ အတူပါလာသူ ဇင်ကို အားညအလင်းဆိုင်တွင် ထားခဲ့ပြီး စိုးလွင်ဦး က ၄င်းတစ်ဦးထဲ ဆိုင်အားဖောက်ထွင်းပြီး ဖုန်းမျိုးစုံအလုံး၇၀၊ကင်မရာ၁လုံး၊ငွေငါးသောင်းခန့် ခိုးယူခဲ့ပြီးတော့ ညတွင်ခြင်း ကလေးဝ၊မုံရွာမှတဆင့် ကျောက်ဆစ်ကန်ကျေးရွာသို့ပြန်လာခဲ့တယ်လို့" စစ်ဆေးပေါ်ပေါက်ချက်များကိုပြောပြသည်။
မြောင်မြို့နယ်၊ကျောက်ရစ်ကျေးရွာနေ၊ကျောက်တန်းကျေးရွာနေ ဖုန်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူနှစ်ဦးထံပြန်လည်ရောင်းချခဲ့ကြောင်းအမှုစစ်အရာရှိမှဆက်လက်ပြောကြားသည်။
ဖောက်ထွင်းခိုးယူသူမှာ ချောင်းဦးမြို့နယ်၊ကျောက်ဆစ်ကန်ကျေးရွာနေ စိုးလွင်ဦး နှင့် ၄င်းအဖော် ဇင်ကိုတို့ဖြစ်ကြောင်းမြို့မရဲစခန်းမှသိရသည်။
" မုံရွာ CIDက အချက်အလက်တွေလှမ်းလှမ်းတောင်းတယ်၊MIEI (အမ်အိုင်အီးအိုင်) ဖုန်းရဲ့နံပတ်တွေတောင်းတယ်၊ မိတာကဖောက်ထွင်းနှစ်ယောက်၊သူခိုးလက်ခံနှစ်ယောက် စစ်ဆေးနေတယ်ပြောတယ်။ဖောက်ထွင်းခဲ့တာသူတို့ဝန်ခံတယ်၊ရောင်းတာလည်းဝန်ခံတယ်၊သူတို့လက်ထဲမှာ MIEI နဲ့ကွက်တိမိတာ ၊အခု မုံရွာဘက်မှာသက်သေခံပစ္စည်းတွေရှာဖွေသိမ်းဆီးနေကြတယ်၊ဖောက်ထွင်းတဲ့တစ်ယောက်ဆိုရင် အိမ်တွေပါဆောက်ထားတယ်လို့ကြားတယ်"ဟု မီလျံနာဖုန်းပစ္စည်းဆိုင်ပိုင်ရှင် ကိုကျော်စွာလင်းကပြောကြားသည်။
အဲ့တုန်းက ညာဘက်ခြမ်းက ကွန်ပြူတာပစ္စည်းတွေဘက်က ကင်မရာတစ်လုံးဘဲပါတယ်၊ တိုက်အပေါ်ထပ်သုံးလွှာကနေအလူမီယံပြတင်းပေါက်ကနေထုရိုက်ဝင်တာ၊ညလူစောင့်မထားခဲ့ဘူး၊ဖုန်းတွေဘဲအထိကထားဖောက်ထွင်းခိုးသွားခဲ့တာ၊ဘူးခွံတွေကြိုးတွေချန်ခဲ့တယ်၊အကုန်မွှေထားခဲ့တာ၊ပိုက်ဆံကောင်တာထဲကငွေစက္ကူအစုံငါးသောင်းခန့်လည်းပာသွားခဲ့ကြောင်း၎င်းကဆက်လက်ပြောကြားသည်။
၂၀၁၆ခုနှစ်၊သြဂုတ်လတွင်းက၄င်းဖုန်းပစ္စည်းအရောင်းဆိုင်မှ ကင်နွမ်ကင်မရာ၊ဆမ်းဆောင်း၊ဟာဝေး၊အိုပို၊ဗီဗို၊လီနိုဗို၊ရှောင်မီ၊ဂျီဖိုက်စသည့်ဖုန်းဟန်းဆက်များဖောက်ထွင်းခိုးယူခံခဲ့ရပြီး၊စုစုပေါင်းတန်ဖိုး တစ်ရာခုနှစ်ဆယ်ရှစ်သိန်းလေးသောင်းခုနှစ်ထောင် ဖြစ်သည်ဟုသိရှိရသည်။
စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
ကလေးမြို့လည်ခေါင်က သိန်းရာကျော်ဖောက်ထွင်းမှု တရားခံမိပြီ
Reviewed by THITHTOOLWIN
on
18:27
Rating: