ပြင်ဦးလွင်၌ မီးလောင်မှုဖြစ်ပွား


ပြင်ဦးလွင်မြို့ ရေချမ်းအိုးမြောက်ရွာ မန္တလေး-လားရှိုးလမ်းဘေးရှိ ရွှေလရောင်ဧည့်ရိပ်မွန်၌ ဇွန် ၂ ရက် နံနက် ၈ နာရီက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၄င်းနေ့နံနက်တွင် ဧည့်ရိပ်မွန်၏ အနောက် မီးဖိုချောင်၌ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်ရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊အနီးရှိ ပြည်သူလူထုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်သုံးစီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် ၁၀ ပေ ၁၄ပေရှိ သွပ်မိုး ထရံကာအဆောက်အအုံနှစ်လုံးနှင့် အတွင်းရှိပစ္စည်းများ၊ ဧည့်ရိပ်မွန်၏ အနောက်ဖက်နံရံရှိ ပြတင်းပေါက်တံခါးများနှင့် မှန်များ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး မီးကိုမဆင်မခြင်ပေါ့ဆစွာအသုံးပြုသည့် ဧည့်ရိပ်မွန်ပိုင်ရှင် ဦးစိန်အေး အသက် (၄၉ နှစ်)အား မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းထက်မှ တရားလိုပြုလျက် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြင်ဦးလွင်၌ မီးလောင်မှုဖြစ်ပွား ပြင်ဦးလွင်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.