အလက်စကာ ကမ်းရိုးတန်းတွင် အင်အား ၆.၉ ပြင်းအားရှိ ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းပြထားပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဆန်ဖရန်စစ္စကို၊ ဇွန် ၃ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အလက်စကာမြို့ Aleutian ကျွန်းများ၏ ကမ်းရိုးတန်း ပင်လယ်ပြင်ကို ဗဟိုပြုကာ အင်အား ၆.၉ ပြင်းအားရှိ ငလျင် တစ်ခု ဇွန်လ ၂ ရက်၊ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၄ မိနစ် ၄၇ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာဆန်းစစ်ရေးအဖွဲ့ (USGS) က ထုတ်ပြန်ခဲ့သည်။

ငလျင်ဗဟိုပြုရာ အနက် ၄.၃ သာရှိသဖြင့် အနက်တိမ်ပြီး အင်အားပြင်းသည့် အဆိုပါ ငလျင်မှာ Aleutians အနောက်ဘက် နယ်မြေရှိ Attu ငလျင်ဋ္ဌာန အနောက်မြောက်ဘက် ၂၀၅ ကီလိုမီတာခန့်အကွာ Bering ပင်လယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်က ကောက်ယူထားသည့် အမေရိကန် သန်းခေါင်စာရင်းအရ ထို ကျွန်း၌ ကမ်းခြေစောင့် တပ်ဖွဲ့များ အားလုံး အပါအဝင် နေထိုင်သူဦးရေ ၂၁ ဦးသာရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အလက်စကာ ကမ်းရိုးတန်းတွင် အင်အား ၆.၉ ပြင်းအားရှိ ငလျင်လှုပ် အလက်စကာ ကမ်းရိုးတန်းတွင် အင်အား ၆.၉ ပြင်းအားရှိ ငလျင်လှုပ် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.