သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ ဟိုတယ်ကို ဖိလစ်ပိုင် အစိုးရတပ် ပြန် ထိန်းချုပ်

တည်းခို နေထိုင်သူ တွေကို ပစ်ခတ် ခဲ့တဲ့ အပြင် မီးတင်ရှို့ ခဲ့ကြ
ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တော် လေဆိပ် အနီးမှာ ရှိတဲ့ Resorts World ဟိုတယ်နဲ့ အပန်းဖြေ ဝင်းကြီး ထဲကို သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ အခုတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ထိန်းချုပ် နိုင်လိုက်ပြီလို့ ဖိလစ်ပိုင် စစ်တပ်က ပြောပါတယ်။

မျက်နှာဖုံး စွပ် ထားပြီး အနက်ရောင် ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေ ဟိုတယ်ထဲက ဝင်လာပြီး အဲဒီမှာ တည်းခို နေထိုင်သူ တွေကို ပစ်ခတ် ခဲ့တဲ့ အပြင်၊ မီးတင်ရှို့ ခဲ့ကြတယ်လို့ မျက်မြင် ကြုံတွေ့ ခဲ့ရသူတွေက ပြောပါတယ်။

သေနတ်သမားတွေရဲ့ ရန်က လွတ်အောင် ဟိုတယ် ဒုတိယထပ် ကနေ ခုန်ချနေသူတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်။

အခု အချိန်ထိအောင် ထိတော့ အသေအပျောက် အထိအခိုက် စာရင်းကို ဖိလစ်ပိုင် အစိုးရက မထုတ်ပြန် သေးပါဘူး။

ဖိလစ်ပိုင် စံတော်ချိန် သန်းခေါင်ယံကျော် မနက် တစ်နာရီ ဝန်းကျင်မှာ အခင်း ဖြစ်ရာဆီ ဖိလစ်ပိုင် အထူး တပ်ဖွဲ့တွေ၊ လက်ဖြောင့် တပ်သားတွေနဲ့ မီးသတ်ကားတွေလည်း ရောက်ရှိ နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနောင်းကျွန်း ပေါ်က မာရာဝီ မြို့မှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေနဲ့ အဆက်အစပ် ရှိတဲ့ လက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် တိုက်ခိုက် နေချိန်မှာ မြို့တော် မနီလာမှာ အခုလို တိုက်ခိုက်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ ဟိုတယ်ကို ဖိလစ်ပိုင် အစိုးရတပ် ပြန် ထိန်းချုပ် သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ ဟိုတယ်ကို ဖိလစ်ပိုင် အစိုးရတပ် ပြန် ထိန်းချုပ် Reviewed by THITHTOOLWIN on 03:56 Rating: 5
Powered by Blogger.