![]() |
NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို ဇွန်လ ၃ဝ ရက်နေ့ကတွေ့ရစဉ် Photo: Win Ko Ko Latt/RFA |
ဒီကနေ့ နေပြည်တော် စည်ပင်ရိပ်သာက အစည်းအဝေးခန်းမမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံရာမှာ ဦးဝင်းထိန်က အဲဒီလို ပြောတာပါ။
ဒါ့အပြင် အရင်အစိုးရလက်ထက်က သင့်ရာသင့်ရာအပေးယူလုပ်ပြီး စီးပွားရေးလုပ်လို့ ဆုံးဖြတ်ချက်မြန်ကြောင်း၊ အခုအစိုးရလက်ထက်မှာ အဂတိတရားမရှိအောင်ထိန်းလို့ လုပ်ငန်းလုပ်တဲ့သူတွေ မလုပ်တက်ဖြစ်ပြီး စီးပွားရေးနှောင့်နှေးရတယ်လို့လည်း ဦးဝင်းထိန် ကပြောပါတယ်။
နိုင်ငံတကာအကူအညီနဲ့ အလုပ်အကိုင်အချို့ အဆင်ပြေတာကြောင့် ၂၀၁၇ ဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ဆင်းရဲတွင်းက နုတ်နိုင်မယ့် ပထမဦးဆုံးနှစ်ဖြစ်မယ်လို့လည်း ဦးဝင်းထိန် ကပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ကို နိုင်နိုင်နင်းနင်းကိုယ်တွယ်နိုင်ပေမယ့် တရား စီရင်ရေးကိုပြုပြင်ဖို့ ကြိုးစားဖို့ လိုတယ်လို့လည်းပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ၅၀ ကျော်နဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသိန်းဆွေ၊ ဦးမောင်မောင်ဦးတို့လည်း တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်သူ့စားဝတ်နေရေး တိုး တက်အောင် မလုပ်နိုင်သေးဘူးလို့ ဦးဝင်းထိန်ပြော
Reviewed by THITHTOOLWIN
on
19:56
Rating:
![ပြည်သူ့စားဝတ်နေရေး တိုး တက်အောင် မလုပ်နိုင်သေးဘူးလို့ ဦးဝင်းထိန်ပြော](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA8Z8V_YG1TFgSEVa9u2HR1BBKZ-P6UGBygPKzsD3lFjtbrLefYP1chSu5tgfI7L20iwFnD83CX8gNQEk2YKGa0Nqdpr5sijA9Vbmn2yXoh0nLrDjtFbUl3Q1_sGF8Kdb6tmg1Fp4M1wb-/s72-c/2.jpg)