တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့်အမှုဖွင့်


နေပြည်တော်၊ ဇွန် ၂

မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်၊ ဖူးတည်းခိုခန်းတွင် လူကုန်ကူးမှုကျူးလွန်ရန် မသင်္ကာသူများ ရောက်ရှိတည်းခိုနေကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ ရဲအုပ်အောင်မျိုးထွဋ်နှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မသက်သက်(ခ)မချစ်ချစ်နှင့် အမျိုးသမီးငယ်(၂)ဦး ပေါင်း(၃)ဦးအား တွေ့ရှိရ၍ တပ်ဖွဲ့စုရုံးသို့ ခေါ်ယူမေးမြန်းခဲ့ရာ မသက်သက် (ခ)ချစ်ချစ်မှာ အမျိုးသမီးငယ်များအား တရုတ်ယောက်ျားယူရန် စည်းရုံးခေါ်ဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မသက်သက်(ခ)ချစ်ချစ်ပါ (၄)ဦးအား မူဆယ်မြို့မရဲစခန်း၌ လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဥပဒေဖြင့် အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နေသူ မ------နှင့် မ-------တို့ညီမနှစ်ဦးအား မသက်သက်(ခ)ချစ်ချစ် ပါ(၄)ဦးမှ တရုတ်ပြည်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှိကြောင်း၊ အလုပ်မလုပ်ချင်၍ တရုတ်ယောက်ျားယူပါက ငွေ (၁၀)သိန်းကျပ် ရရှိမည်ဖြစ်ပြီး ငွေကို မိဘများထံ ပို့ပေးမည်ဖြစ်ကြောင်း၊ တရုတ်ယောက်ျားနှင့် (၃)နှစ်ပေါင်းပြီးပါက နေရပ်သို့ပြန်လာ၍ ရကြောင်း၊ စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့အပြင် ညီမဖြစ်သူ မ------ကိုလည်း တရုတ်နိုင်ငံရှိ စပျစ်ခြံ၊ ပန်းသီးခြံတို့တွင် အလုပ်လုပ်ပါက တစ်နှစ်လျှင် ငွေ(၁၀)သိန်းကျပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး၊ယင်းတို့အား ၂၄-၅-၂၀၁၇ ရက်နေ့တွင် အမ်းမြို့ကားဂိတ်မှ မူဆယ်သို့ မသက်သက်(ခ)ချစ်ချစ်မှ ခေါ်ဆောင်ခဲ့ပြီး မူဆယ်မြို့ ဖူး တည်းခိုခန်းသို့ ရောက်ရှိခဲ့ကြောင်း မေးမြန်းသိရှိရသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ရခိုင်ပြည်နယ်၊ အမ်းမြို့နေသူ မ-----နှင့်မ-----တို့(၂)ဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုခဲ့သည့် မသက်သက်(ခ)ချစ်ချစ်ပါ (၄)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၈၆/၂၀၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အရေးယူ အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့်အမှုဖွင့် တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့်အမှုဖွင့် Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.