အောင်ဆန်းဇာနည်ကဗျာကိစ္စ လွှတ်တော်မှာမေးမြန်း

Photo: Win Nyunt Facebook
"အောင်ဆန်းဇာနည်ကဗျာ" နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားကို ရှာဖွေတွေ့ရှိမယ်ဆိုရင် မူရင်းကဗျာနဲ့ ကဗျာရေးသားသူအမည်နဲ့ ပြင်ဆင်ပေးသွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြည်သူ့လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

တတိယတန်း မြန်မာဖတ်စာအုပ်မှာပါတဲ့ အောင်ဆန်းဇာနည်ကဗျာရဲ့အောက်မှာ မူရင်းကဗျာရေးသူရဲ့ အမည် ကိုဖော်ပြပေးရန်နဲ့ နောက်ဆုံးအပိုဒ်ကိုဖြုတ်ပြီး မူရင်းကဗျာအတိုင်းဖော်ပြပေးရန်ဆိုပြီး မြစ်သား မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော် မေးမြန်းခဲ့တဲ့ မေးခွန်းကို ဖြေဆိုရာမှာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခုလိုပြောဆိုသွားတာပါ။

မေးခွန်းမေးမြန်းခဲ့တဲ့ ဒေါက်တာ လင်းလင်းကျော်ကတော့ အောင်ဆန်းဇာနည်ကဗျာဟာ ဆရာကြီး ဦးတင်မိုးရေးခဲ့ တဲ့ ကဗျာဖြစ်ကြောင်းနဲ့ အခုတတိယတန်း မြန်မာစာအုပ်မှာပါတဲ့ နောက်ဆုံးအပိုဒ်ဖြစ်တဲ့ ဆိုရှယ်လစ်ဘောင် လမ်းစဉ်များဆိုတဲ့ စာသားဟာ ဆရာ ကြီးရေးခဲ့တာမဟုတ်ကြောင်းပြောပါတယ်။

မူရင်စာသားဟာ ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင် ၊ ပြည်ချစ်တို့ ခေါင်းဆောင် ၊တိုင်းပြည်ကောင်းအောင် လမ်းစဉ်များ ၊ ဗိုလ်ချုပ်ချမှတ်သွားဆိုတဲ့ စာသားဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

အောင်ဆန်းဇာနည်ကဗျာကို စာသားပြင်ဆင်ပြီး ကျောင်းသုံးစာအုပ်အဖြစ်ပြဌာန်းခဲ့တာကြောင့် ဆရာကြီး ဦးတင်မိုးက သူရဲ့အမည်ကိုမသုံးဖို့ ပြောဆိုခဲ့ကြောင်းလည်း ဒေါက်တာလင်းလင်းကျော်က ပြောပါတယ်။

ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကတော့ အောင်ဆန်းဇာနည်ကဗျာကို ၁၉၇၄ ခုနှစ်က စပြီး ကျောင်းသုံးစာအုပ် မှာ ပြဌာန်းခဲ့တာဖြစ်ကြောင်းနဲ့ ဆရာကြီးဦးတင်မိုး ရေးသားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား အခုအချိန် အထိ မတွေ့ရသေးကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmesetml
အောင်ဆန်းဇာနည်ကဗျာကိစ္စ လွှတ်တော်မှာမေးမြန်း အောင်ဆန်းဇာနည်ကဗျာကိစ္စ လွှတ်တော်မှာမေးမြန်း Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.