ကြည့်မြင်တိုင်ဘူတာနှင့် ဟံသာဝတီဘူတာကြား အမည်မသိ အမျိုးသားနှစ်ဦး ရထားကြိတ်သေဆုံး


စမ်းချောင်းမြို့နယ်၊ ဝေတောင်ရပ်ကွက်၊ ကြည့်မြင်တိုင်ဘူတာရုံနဲ့ ဟံသာဝတီဘူတာရုံကြား အဆန်ရထားလမ်း မိုင်တိုင်အမှတ် (၃)နဲ့ (၄)အကြားမှာ ဇွန်(၂)ရက် နံနက် (၉)နာရီဝန်းကျင်က အမျိုးသားနှစ်ဦး ရထားကြိတ်သေဆုံးခဲ့တယ်လို့ စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။


 ကြည့်မြင်တိုင်ဘူတာကနေ သာရဝေါမြို့ကို ပြေးဆွဲနေတဲ့ ရထားအမှတ် (၆၉)၊ စက်ခေါင်းအမှတ် DF/1627နဲ့ ကြိတ်မိသေဆုံးတာ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ အသက်(၄၀)ခန့် အမည်မသိမြန်မာအမျိုးသားတစ်ဦး ၀မ်းဗိုက်ပွင့်ထွက်၊ ၀ဲပေါင်အရင်းကြေ၊ ယာဒူးပြတ်ဒဏ်ရာတွေနဲ့ လည်းကောင်း၊ အသက်(၆၀)ခန့် အမည်မသိ မြန်မာ အမျိုးသားတစ်ဦး ခါးကျိုး၊ ဦးခေါင်းပေါက်ပြဲ၊ ၀ဲဖနောင့်ကြေဒဏ်ရာတို့နဲ့ သေဆုံးနေတယ်လို့ သိရပါတယ်။


 စက်ခေါင်းမောင်းရဲ့ စာတိုပေးချက်အရ အဲဒီလူနှစ်ဦးဟာ ရထားလမ်းပေါ်မှာ အိပ်နေတာဖြစ်ပြီး ဟွန်းတီးသံတာမကြားတာကြောင့် ကြိတ်မိတာဖြစ်တယ်လို့ မြန်မာ့မီးရထား၊ ကြည့်မြင်တိုင်ဘူတာမှ တာဝန်ကျ မီးရထားရုံပိုင် ဦးရဲဝင်းအောင်က ပြောပါတယ်။

လက်ရှိ အချိန်ထိ သေဆုံးသူအမျိုးသားနှစ်ဦးရဲ့ မိသားစုတွေက ဆက်သွယ်လာခြင်း မရှိသေးတာကြောင့် စမ်းချောင်းမြို့မရဲစခန်း ဖုန်း ၀၁-၅၃၅၁၈၄ ကို အမြန်ဆုံး ဆက်သွယ်စေချင်တယ်လို့ စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေဆုံးသူအမည်မသိ မြန်မာအမျိုးသားနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးက လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ချိုလွင်ဦး ပေးပို့ထားတာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကြည့်မြင်တိုင်ဘူတာနှင့် ဟံသာဝတီဘူတာကြား အမည်မသိ အမျိုးသားနှစ်ဦး ရထားကြိတ်သေဆုံး ကြည့်မြင်တိုင်ဘူတာနှင့် ဟံသာဝတီဘူတာကြား အမည်မသိ အမျိုးသားနှစ်ဦး ရထားကြိတ်သေဆုံး Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.