ထပရ(၁၂၁)မှ စစ်​သည်​တစ်​ဦး ရထားကြိတ်​ ​သေဆုံး

ကုန်ရထားပေါ်မှ ပြုတ်ကျကာ ရထားကြိတ် သေဆုံးမှုဖြစ်ပွား၊ ဓါတ်ပုံ - Htet Myat
မြစ်ကြီးနား ဇွန် ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မြစ်ကြီးနား-မန္တလေးရထားလမ်းတွင် ကုန်ရထားစီးနင်းလာသူ တစ်ဦး ရထားပေါ်မှပြုတ်ကျကာ ရထားကြိတ်သေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေလ ၃၁ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် မလိခဘူတာမှ ပြည်ထောင်ဘူတာသို့ ခုတ်မောင်း သည့် အမှတ်(၄၂)အစုန်ကုန်ရထားဖြင့် လိုက်ပါလာသူမွန်ပြည်နယ်ချောင်းဆုံမြို့နယ်နေ လွင်မောင်မောင် (၃ဝနှစ်)သည် ရထားလမ်းမိုင်တိုင်အမှတ်(၇ဝ၈/၁၅)နှင့် (၇ဝ၈/၁၆)အကြားအရောက်တွင် ရထားပေါ်မှ ပြုတ်ကျကာ ရထားကြိတ်မှုဖြစ်ပွား၍ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာတစ်ချက်နှင့် ယာဘက်ခြေချင်းဝတ် ပြတ်ဒဏ်ရာ၊ ကျောကုန်းပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

 ဖြစ်စဉ်ကြောင့် ရထားကြိတ် သေဆုံးသူ လွင်မောင်မောင်(၃ဝနှစ်)အား မြစ်ကြီးနားမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကာ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် မြစ်ကြီးနားနယ်မြေရဲတပ်ဖွဲ့ စခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၄/၂ဝ၁၇)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net/

ထပရ(၁၂၁)မှ စစ်​သည်​တစ်​ဦး ရထားကြိတ်​ ​သေဆုံး ထပရ(၁၂၁)မှ စစ်​သည်​တစ်​ဦး ရထားကြိတ်​ ​သေဆုံး Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.