မြောက်ဒဂုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန် ဇွန် ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၈) ရပ်ကွက်၊ မြတ်မင်္ဂလာလမ်း၊ အိမ်အမှတ် (၄၉၈) တွင် မေ ၃၁ ရက်၊ ၁၇း၃၀ အချိန်ခန့်က လူတစ်ဦးဓါတ်လိုက် သေဆုံးကြောင်းသတင်းအရ ဒဂုံမြို့သစ် (မြောက်ပိုင်း)ရဲစခန်းမှ စခန်းမှုးဒုရဲမှုးသိန်းဆွေမြင့်သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ (အဘ) ဦးမောင်ကြီး၏သား သူရမောင် အသက် (၂၆)နှစ်သည် နေအိမ်နောက်ဖေးရှိ အဝတ်လျှော်စက်မီးခလုပ်ခုံမှာ တိုင်တွင် ချိတ်ထားရာမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသဖြင့် သူရမောင်မှ မီးခလုတ်ခုံအား ကောက်ယူလိုက်ရာ ဓါတ်လိုက်ပြီးသတိလစ်သွား၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

သေဆုံးသူအလောင်းအား ရဲဆေးစာဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံမှ PR-29 ဖြင့် လက်ခံထားရှိပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (ပ) ၁၅/၂၀၁၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

မြိုနယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြောက်ဒဂုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး မြောက်ဒဂုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 17:13 Rating: 5
Powered by Blogger.