ဟင်္သာတမြို့မရဲစခန်းက ရဲအုပ်နေမျိုးလင်း ခေါင်းဆောင်တဲ့ နယ်ထိန်းတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာနယ်မြေအတွင်း မှုခင်းဖြစ်ပွားမှု မရှိစေရေး ဆောင်ရွက်နေစဉ် မေ(၃၀)ရက် ည(၈)နာရီခန့်က လယ်တီကွင်းရပ် မြို့ပတ်လမ်းမှာ ဆိုင်ကယ်လိုက်ရောင်းနေတဲ့ မသင်္ကာသူ(၄)ဦးကိုတွေ့ရှိ စစ်ဆေးခဲ့ရာက ဆွဲကြိုး ၊ ဖုန်း၊ ဆိုင်ကယ် လုယက်မှုတွေနဲ့ ခိုးမှုတွေပေါ် ပေါက်ခဲ့ပါတယ်။
အဲဒီ(၄)ဦးဟာဓနုဖြူမြို့က (၂)ဦးနဲ့ ဟင်္သာတမြို့က (၂)ဦးဖြစ်ပြီး သူတို့(၄)ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဟင်္သာတမြို့မရဲစခန်းက သိရပါတယ်။ ဖမ်းဆီးရမိတဲ့ သက်သေခံပစ္စည်းတွေဟာ CANDA အမျိုးအစား ဆိုင်ကယ်(၁)စီး၊ အလေးချိန်(၅)ပဲ (၂)ရွေး ရှိတဲ့(၁၅)ပဲရည် ရွှေဆွဲကြိုး(၁)ကုံး၊ Redmi Note-4 ရွှေရောင်ဖုန်း(၁)လုံး၊ သားရေပိုက်ဆံအိတ် (၃)လုံးနဲ့ မြန်မာငွေကျပ်(၂)သိန်းကျော် တို့ကို သက်သေတွေရှေ့မှာသိမ်းဆည်းခဲ့ပြီး အဲဒီဖြစ်
စဉ်နဲ့ပတ်သက်လို့ ဟင်္သာတမြို့မ ရဲစခန်းက ဥပဒေပုဒ်မ-၃၈၀/၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ရန်နိုင်(ဟင်္သာတ)ကပေးပို့ တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ဟင်္သာတမြို့တွင် မသင်္ကာသူ (၄)ဦးအား စစ်ဆေးရာမှ ခိုးမှုများပေါ်ပေါက်
Reviewed by THITHTOOLWIN
on
16:00
Rating: