စက်လှေအတွင်းရေဝင်၍ လန့်ပြီးရေထဲခုန်းချသော သံဃာတစ်ပါးပျောက်ဆုံးနေ


ကသာ ဇွန် ၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်မှ ရေမိုင်(၂၄)မိုင်ခန့် /ထီးချိုင့်မြို့နယ်မှ ရေမိုင်(၁၈)မိုင်ခန့် ဝေး သော ထီးချိုင့်မြို့နယ်ပိုင် ကြက် တကောင် ကျေးရွာနှင့် မဲဟင်းကျေးရွာကြား ဧရာဝတီမြစ်အတွင်း၌ သာ (၁၈)ပေအရှည်၊ (၃)ပေအကျယ်၊ အနက်(၁)ပေခွဲရှိသော ဟွန်ဒါ(၁၃)ကောင် အင်ဂျင်တပ် သစ်သား ခွံစက်လှေသည် လေပြင်းတိုက်ခတ်ရာမှ လှိုင်းထ၍ စက်လှေအတွင်း ရေဝင်ခဲ့ရာ စက်လှေတိမ်းစောင်း၍ သံဃာတစ်ပါးရေနှစ်
သွားခြင်း မေ ၃၁ ရက် ၁၀း၃၀အချိန်ခန့်ဖြစ်သွားကြောင်း မီးသတ်ဦးစီးရုံးမှသတင်းသိရသည်။

ထို့နာက် ကသာမြို့နယ် သာဂရ ကျောင်းထိုင် ဆရာတော် ဦးပညာဝံသ၊ ဝါတော် (၄၈)ဝါ ၊သက်တော် ၆၈ နှစ် ၊ (ဘ)ဦးချစ်ရီ (မိ)ဒေါ်စိန်ရီ
ကသာမြို့ မဟာလေးထပ် ကျောင်းတိုက်မှဦးပဉ္ဇင်း ဦးစန္ဒာဝရ(ခ) ဦးပဉ္ဇင်းကုလား ဝါတော်၃၈ ဝါ ၊ သက်တော် (၅၈)နှစ် မောင်ရာဇာထွန်း၂၇ နှစ် ကသာမြို့နေသူ (၃)ဦးတို့သည် ကြက်တစ်ကောင်ကျေးရွာမှ ဆွမ်းဘုန်းပေးပြီး သာဂရကျောင်းသို့ ပြန်ကြွလာစဉ် မဲဟင်းကျေးရွာအနီး ဧရာဝတီအလယ်အရောက်တွင် လှိုင်းခေါင်းဖြုလေတိုက်လာသဖြင့် စက်လှေငယ်အတွင်းရေဝင်း၍ ခုန်ချကူးစဉ် ဦးပဉ္စင်းကုလား ပျောက်ဆုံးနေသည်ဟု အခင်းဖြစ်နေရာ တွင်သိရသည်။

ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းညွန့် ဦးဆောင်၍ ကသာမြို့နယ်နှင့် ထီးချိုင့် မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန် မီးသတ်တပ်ဖွဲ့များ၊ ကသာမြို့မှ အွန်လိုင်းချစ်သူ ၊ ဧရာကမ်းသာ၊ ပစ္စက္ခ စသည့် လူမှုကူညီရေး အသင်းများ၊ ရဲတပ်ဖွဲ့ဝင်များထီးချိုင့်မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ လူမှုကူညီရေးအဖွဲ့အသီးသီးများ ရေလုပ်သားများဒေသခံ ပြည်သူများမှ ညနေ(၁၇း၃၀)အချိန်ထိ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာ အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သော်လည်း ရေထဲပြုတ်ကျ ပျောက်ဆုံးသူ ဦးစန္ဒာဝရ(ခ) ဦးပဉ္ဇင်း ကုလားအား ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

ငွေအိုး (ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စက်လှေအတွင်းရေဝင်၍ လန့်ပြီးရေထဲခုန်းချသော သံဃာတစ်ပါးပျောက်ဆုံးနေ စက်လှေအတွင်းရေဝင်၍ လန့်ပြီးရေထဲခုန်းချသော သံဃာတစ်ပါးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.