ကွင်းကြီး​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေးသစ်​ပင်​ဝင်​တိုက်


ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​၊ ကွင်းကြီးအုပ်​စု၊ ကွင်းကြီး​ကျေးရွာအနီးတွင်​ ဇွန်​ ၃ ရက်​​ နံနက်​ ၇း၁၅ နာရီခန့်​က အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေး ထန်းပင်​အား ဝင်​တိုက်​မှု ဖြစ်​ပွားခဲ့သည်​။

အမှုမှာ ဇွန်​ ၃ ရက်​​ နံနက်​ ၇း၁၅ နာရီခန့်​တွင်​ ရန်​ကုန်​-ပုသိမ်​ ကားလမ်း၊မိုင်​တိုင်​အမှတ်​ ၆၄/၅ နှင့်​ ၆၄/၆ ကြား၊ကွင်းကြီးအုပ်​စု၊ ကွင်းကြီး​ကျေးရွာ အနီးတွင်​ ရန်​ကုန်​ဘက်​မှ ပုသိမ်​ဘက်​သို့ နိုင်​မျိုးကို(၂၇)နှစ် ၊မရမ်းကုန်း မြို့နယ်​ ​နေသူ ​မောင်းနှင်​သည့်​ 2N/--------ဟိုက်​ဂျက်​အဖြူ​ရောင်​​မော်​​တော်​ယာဉ်​သည်​ အရှိန်​မထိန်းနိုင်​ဘဲ လမ်း၏ယာဘက်​ခြမ်းသို့ ထိုးကျကာ လမ်း​ဘေးရှိ ထန်းပင်​နှင့်​တိုက်​မိပြီး နိုင်​မျိုးကို တွင် နဖူးပွန်းပဲ့၊ ယာ​ခြေသလုံးဖူး ​ရောင်​ပွန်းပဲ့ဒဏ်​ရာများ ရရှိသွားသဖြင့်​ ယာဉ်​မဆင်​မခြင်​​မောင်းနှင်​ခြင်းဖြင့်​ လူကိုထိခိုက်​နာကျင်​​စေသူ ယာဉ်​​မောင်း နိုင်​မျိုးကို အား ဒုရဲအုပ်​ ထက်​​ဝေဦး မှ တရားလိုပြုလုပ်​၍ ​ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်​အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

ဝင်းကြိုင်​(​ကျောင်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကွင်းကြီး​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေးသစ်​ပင်​ဝင်​တိုက်​ ကွင်းကြီး​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေးသစ်​ပင်​ဝင်​တိုက်​ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.