ပွင့်ဖြူမြို့၌ အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံး


ပွင့်ဖြူ ဇွန် ၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် အောင်ချမ်းသာကွက်သစ်တွင် နေထိုင်သူ မစမ်းသတီတာ(အမည်လွဲ) (၃၂)နှစ်သည် မေ ၃၁ ရက် ည ၇ နာရီခန့်တွင် မိမိအိမ်ရှိ လျှပ်စစ်မီးကြိုးပြတ်အား ကောက်ကိုက်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ရက်များတွင် မိုရာမုန်တိုင်း၏ အဖျားခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်တွင် မိုးများစွာ ရွာသွန်းခဲ့  သည်။ မစမ်းသီတာ(အမည်လွဲ)သည် ည ၇ နာရီခန့်တွင် အိမ်သာတက်ရန်အသွား၌ မိမိအိမ်ရှိ ၀က်ခြံထဲတွင် လျှပ်စစ်ကြိုးပြတ်အား တွေ့ရှိသဖြင့် ၄င်းကြိုးပြတ်အား ၀က်ခြံအမိုးပေါ်သို့ ပစ်တင်ရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်လျှင်ဖြစ်ချင်း မစမ်းသီတာအား ရပ်မိ/ရပ်ဖနှင့် မိသားစုများမှ အမြန်ဆုံးမြိုကနယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသူ မစမ်းသိတာ(အမည်လွဲ)တွင် နို့စို့အရွယ်ခြောက်လသား အပါအ၀င် လူမမယ်သားသမီးခြောက်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူ-ခင်မောင်ဌေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပွင့်ဖြူမြို့၌ အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံး ပွင့်ဖြူမြို့၌ အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.