နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ပညာရေးစနစ်များ အပေါ် ဝေဖန်နေမည့်အစား မိမိတို့  တစ်ဦးချင်းက ခေတ် စနစ်နှင့် ကိုက်ညီအောင် ပြုပြင် ပြောင်းလဲ နေထိုင်မှသာ အောင်မြင် ရှင်သန်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ယနေ့  ပြောကြားလိုက်သည်။
“စနစ်ကို ကိုယ်က ပြောင်းလို့ မရဘူး၊ သို့ သော် စနစ်ထဲ နေတဲ့ ကျွန်တော်တို့  လူသားတွေက ကိုယ့် ကိုယ် ကို စနစ်နဲ့ လျော်ညီအောင် ပြုပြင်ပြောင်းလဲနေဖို့ လိုတယ်၊ ဒီနေရာမှာ စနစ်က မကောင်းပါ ဘူး၊ မသင့်ပါဘူး - ဒါ့ကြောင့် - ဆိုပြီးတော့ ပြောမယ့်အစား အမြဲတမ်း ခေတ် စနစ်နဲ့  ညီအောင် ပြုပြင် ပြောင်းလဲနိုင်မှသာ ကျွန်တော်တို့  ရှင်သန်နိုင်မှာ အောင်မြင်နိုင်မှာ ဖြစ်တယ်” ဟု နေပြည်တော် ဇေယျာသီရိ မြို့ နယ် စိမ်းစားပင် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ နံနက် ပြုလုပ်ခဲ့ သည့် ဇေယျာသီရိမြို့နယ် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ ဂုဏ်ထူးရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား အဖွင့် စကားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ထူးရ ကျောင်းသားများအား နေပြည်တော်ကောင်စီဝင်က ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ) |
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ ဂုဏ်ထူးရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းအားတွေ့စဉ် (ဆင်ဟွာ) |
(Xinhua)
http://www.xinhuamyanmar.com
ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲနေထိုင်နိုင်မှ ရှင်သန်နိုင်မည်ဟု သူရဦးရွှေမန်းပြော
Reviewed by THITHTOOLWIN
on
18:59
Rating: