ဧရာဝတီမြစ်ရေမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြို့နယ်တွေ သတိထားဖို့လို


ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မနေ့က (၁၆)ပေလောက်မြင့်တက် ခဲ့တဲ့အတွက် မြန်မာနိုင်ငံအောက်ပိုင်းမြို့နယ်တွေအနေနဲ့ မြစ်ရေမြင့်တက် မယ့်အခြေအနေကို သတိထားဖို့လိုတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။ လက်ရှိမှာတော့ မြစ်ကြီးနားမြို့မှာမြစ်ရေအနည်းငယ်ကျသွားပြီလို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

 ဒီမြစ်ရေဟာ မြန်မာနိုင်ငံအောက်ပိုင်းမြို့တွေကို ဆင်းလာ တာကြောင့် ဒီနေ့ကနေအခုလ(၆)ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့တွေမှာ လက်ရှိမြစ်ရေထက်(၁၁)ပေကနေ (၁၃)ပေခန့် ၊ အဲဒီကမှတစ်ဆင့် အခုလ(၆)ရက်နဲ့ (၇)ရက်တွေမှာ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တွေမှာ လက်ရှိမြစ်ရေထက် (၉)ပေကနေ (၁၁)ပေအထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

 အဲဒီနောက် (၈)ရက် ၊ (၉)ရက် နဲ့ (၁၀)ရက်နေ့တွေမှာတော့ ဧရာဝတီမြစ်ရေဟာ ဆက်လက်စီးဆင်းလာပြီး ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ ၊ ဟသာင်္တာနဲ့ ဇလွန်မြို့တွေကို ရောက်ရှိကာ လက်ရှိမြစ်ရေထက် (၉)ပေ ကနေ (၁၁)ပေအထိ မြင့်တက်နိုင်တယ်လို့ ပြောပါတယ်။

 အဲဒီရက်တွေ အတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးများရင်တော့ မြစ်ရေထပ်ပြီး မြင့်တက်နိုင်တယ်လို့ ဦးကျော်မိုးဦးကပြောပါတယ်။ ဒါကြောင့် ဧရာဝတီ မြစ်တွင်း သွားလာနေတဲ့ လှေ၊ သင်္ဘောတွေ၊ မြစ်ကမ်းဘေးစိုက်ပျိုးရေး လုပ်ကိုင်တဲ့သူတွေနဲ့နေထိုင်သူတွေ ဂရုပြုဖို့သတိပေးထားပါတယ်။

ဓာတ်ပုံ - Khine Lynn Soe FB
5 PLUS NEWS
https://www.facebook.com/5plusnews
ဧရာဝတီမြစ်ရေမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြို့နယ်တွေ သတိထားဖို့လို ဧရာဝတီမြစ်ရေမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြို့နယ်တွေ သတိထားဖို့လို Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.