ရိခေါဒါရ် ဇွန် ၎
တောင်ကုန်းတောင်တန်းများ ဖြင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ် ရှိ တောင်အားလုံးနီးပါးမှာမြေသား နှင့်သက်နုကျောက်ရောတောင်များ ဖြစ်ရာ မြေသားပြိုကျမှုမကြာခဏ ဖြစ်သဖြင့် ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ကျန်းမာရေး၊လူမှု ရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံ တွေ့ကြရပြီး ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ချင်းပြည်နယ် ရိဒ် နယ်စပ်သွားလမ်းမကြီးမှာ မြေပြို လမ်းပျက်မှုများပြားနေသည့်အတွက် နယ်စပ်သွားခရီးသည်တင်ယာဉ် နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ လမ်းခရီးတွင် စောင့်ဆိုင်းရမှုများရှိ နေကြောင်း သိရသည်။
ကလေး-တီးတိန်-ရိဒ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရှိနှစ်စဉ် ပျက်စီးမှုရှိသည့်နေရာများမှာ ကလေး-ဟီယံဇိန်-သိုင်းငင်းကျေးရွာ ကြား၊ သိုင်းငင်း-အာလွယ်-ဆိုဇန် ကျေးရွာကြား၊ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းအဝင် ဟိုင်မွာလ်ကျေးရွာ ဟောင်းဝန်းကျင်တို့တွင်လမ်းပျက်စီး မှုလွန်စွာကြီးမားကြောင်းကလေး- ရိဒ်နယ်စပ် ကုန်စည်ပို့ဆောင်ရေး ဇလပ်မြေဟိုင်မွောလ်ဂျစ်ကားအသင်း မှ ယာဉ်မောင်း ကိုထန်းအာထံမှ သိရသည်။
''ကျွန်တော်တို့ လမ်းဦးစီးဌာန က လမ်းပျက်စီးတဲ့နေရာတွေမှာ စက်ယန္တရားကြီးတွေချထားပြီး ပြု ပြင်မှုတွေလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ချင်းတောင်ပေါ်မှာက မိုး ရက်ဆက်ရွာသွန်းတဲ့အခါအောက်ခံ မြေသားတွေခိုင်မာမှုမရှိတဲ့အတွက် မကြာခဏမြေပြိုလမ်းပျက်မှုတွေ ဖြစ်နေပါတယ်''ဟု တီးတိန်မြို့ နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မြို့နယ်များဖြစ်သည့် ကလေး-တီးတိန်-ရိဒ်နယ်စပ်၊ ကလေး-ဖလမ်း-ဟားခါး-ထန်တ လန်နှင့် တီးတိန်-တွန်းဇံ-ကျီခါး မြို့တို့၏ ဆက်သွယ်ရေးကားလမ်း များတွင် မိုးရာသီကာလများ၌ နှစ်စဉ်မြေသားပြိုကျမှုများကြောင့် လမ်းများပျက်စီးခြင်း၊လမ်းများပိတ် ဆို့ခြင်းများဖြစ်ပေါ်လေ့ရှိရာ ချင်း တောင်ကားလမ်းများ အပျက်အစီး များပြားသောကြောင့် မြေပြိုကျမှု လျော့နည်းစေရန် စက်ယန္တရားများ ဖြင့် လမ်းပိုင်းများအကြီးစားတိုးချဲ့ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား
The Union Daily
https://www.facebook.com/uniondaily.net
မိုးရွာသွန်းမှုကြောင့် ရိဒ်နယ်စပ်သွား ချင်းတောင်ကားလမ်း ပျက်စီးမှုများပြား၍ ယာဉ်များစောင့်ဆိုင်းနေရ
Reviewed by THITHTOOLWIN
on
22:31
Rating: