ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင်မှာ ဇွန်(၂) ရက် ည(၁၀)နာရီခန့်က လူတစ်ယောက် ရထားတိုက်မိပြီး သေဆုံးခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းကနေသိရပါတယ်။
အဲဒီသေဆုံးသူမှာ ကမ္ဘောဇရပ်ကွက်က အသက်(၃၀)အရွယ်အမျိုးသားဖြစ်ပြီး ရန်ကုန်မှ မန္တလေးဘက်ကို မောင်းလာတဲ့ အမှတ်(၃) အဆန်အမြန်ရထားနဲ့တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဇရပ်ကွက်၊ စက်ပိုင်းတုံကန် ချောင်းတံတားအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၁၁၃) မိုင် (၂၁)ဖာလုံ နဲ့ (၂၂)ဖာလုံ အကြားမှာ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ နယ်မြေရဲစခန်း ရဲအုပ်နဲ့ သက်သေတွေသွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ပဲနွယ်ကုန်းနယ်မြေရဲစခန်းကသေမှုသေခင်းအမှတ် ၂/၂၀၁၇ နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း (ညောင်ဝိုင်း)ပေးပို့ထားတာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကျောက်တံခါးမြို့နယ်တွင် လူတစ်ဦး ရထားတိုက်မိပြီး သေဆုံး
Reviewed by THITHTOOLWIN
on
16:47
Rating: