မြင်းခြံ ၊ ဇွန် - ၃
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် ဒေါင့်သစ်ကျေးရွာ အုပ်စု ၊ ဒါးကျွန်းကျေးရွာရှိ အခြေ ခံပညာအထက်တန်းကျောင်း (ခွဲ) အတွင်းရှိ ကျောင်းဆောင်များ မီးလောင်ခြင်းကို ဇွန်လ (၃) ရက် ၊ နံနက် (၈း၃၀) နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်းသိရှိရသည် ။
မီးလောင်မှုဖြစ်ပွားရပုံမှာ ဒါးကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အတွင်း စာသင်ဆောင်အောက်တွင်ထားရှိသော စီပီပြောင်းရိုးပုံမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၊ ကျေးရွာနေပြည်သူ များမှ ဝိုင်းဝန်းငြိမ်းသတ်သဖြင့် နံနက် (၈း၅၀) နာရီအချိန်တွင် မီးကို ငြိမ်းသတ်နိုင်ခဲ့သည် ။ မီးလောင်မှုကြောင့် (၅၄ ပေ x ၂၅ ပေ x ၃၀ ပေ) စာသင်ဆောင်တစ်ဆောင် ၊ (၇၂ ပေ x ၂၅ ပေ x ၂၅ ပေ)စာသင်ဆောင် တစ် ဆောင် ၊ (၁၁၇ ပေ x ၂၅ ပေ x ၂၅ ပေ)စာသင်ဆောင်တစ်ဆောင်နှင့် (၂၀ ပေ x ၂၀ ပေ) နားနေဆောင် တစ်ဆောင်တို့ မီးလောင်ပျက်စီးခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့် မီးစတင်လောင်ကျွမ်းသည့် စီပီပြောင်းရိုးပုံပိုင်ရှင် ဦးတင်မောင်မြင့်အား ဒုရဲအုပ် အေးမင်းထိုက် မြင်းခြံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းသိရှိရသည် ။
ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒါးကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အတွင်းရှိ ကျောင်းဆောင်များ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:52
Rating: