စက်ဘီးစီးလာသူနှစ်ဦးကို ကားဝင်တိုက်၊ စက်ဘီးနောက်တွင် လိုက်ပါလာသူ အမျိုးသမီးသေဆုံး

PHOTO –ကရုဏာလူမှုကူညီရေးအသင်း၊ မအူပင်မြို့။
မအူပင်၊ ဇွန် - ၁

 ဇွန်လ ၁ ရက် ည ၉နာရီခန့်က၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု ၊ တိုးမာလာလမ်းအနီးတွင် စက်ဘီးစီးလာသူအမျိုးသားနှင့် အမျိုး သမီးတို့ကို ကားတစ်စီးက၀င်တိုက်၍ထွက်ပြေးခဲ့ရာ စက်ဘီးနောက်တွင်လိုက်ပါလာသူ အမျိုးသမီးမှာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း မအူပင်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

“ကားက စက်ဘီးကိုတိုက်ပြီးထွက်ပြေးသွားတယ်လို့သိရပါတယ်။ စက်ဘီးနင်းတဲ့ အမျိုးသားကဒဏ်ရာရပြီး မအူပင်ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေကို မအူပင်မြို့ ကရုဏာလူမှုကူညီရေးအသင်းကားနဲ့ မအူပင်ဆေးရုံကိုခေါ်ဆောင်လာတာဖြစ်ပါတယ် “ ဟု၎င်းကပြောသည်။

ပြည့်ဖြိုးပိုင် ( MUP- AHN)

The Asia Heart News
စက်ဘီးစီးလာသူနှစ်ဦးကို ကားဝင်တိုက်၊ စက်ဘီးနောက်တွင် လိုက်ပါလာသူ အမျိုးသမီးသေဆုံး စက်ဘီးစီးလာသူနှစ်ဦးကို ကားဝင်တိုက်၊ စက်ဘီးနောက်တွင် လိုက်ပါလာသူ အမျိုးသမီးသေဆုံး Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.