တနင်္သာရီမြို့နယ်၊ ပြင်ဝန်းမြစ်ဝတွင် လှေ(၂)စီးတိုက်မှုဖြစ်ပွား

ဓါတ်ပုံ- Ever Green
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ်၊ ဇ၀ဲကျေးရွာအုပ်စု၊ ပြင်ဝန်းမြစ်ဝတွင်(၁.၆.၂၀၁၇)ရက်နေ့၊ည(၇)နာရီအချိန်ခန့်တွင် လယ်သစ်ရွာမှ ပြင်ဝန်းရွာသို့ ထွက်ခွာလာသော ဦးတင်သိန်း(လှေမောင်းသူ-ပြင်ဝန်းရွာ)၊ ဦးမြင့်စိုး(ပြင်ဝန်းရွာ)တို့နှစ်ဦး လိုက်ပါလာသော လှေနှင့် ပြင်ဝန်းရွာမှ လယ်သစ်ရွာသို့ ခုတ်မောင်းလာသော ဦးသန်းနိုင်ထွန်း(လှေမောင်းသူ)၊ ဦးမိုးမြင့်လွင်(စရဖ)၊ မောင်တင်လင်းဇော်(လယ်သစ်ရွာ)တို့ လိုက်ပါလာသောလှေတို့ တိုက်မိခဲ့ရာ လယ်သစ်ရွာမှ ပြင်ဝန်းရွာသို့ မောင်းနှင်လာသောလှေမှ လှေမောင်းသူ ဦးတင်သိန်းမှာ လှေနှင့်အတူနှစ်မြှုပ်ခဲ့ပြီး လှေပေါ်ပါသူ ဦးမြင့်စိုးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း သိရသည်။

ပြင်ဝန်းချောင်းမှာ တနင်္သာရီမြစ်အတွင်းမှ မြစ်လက်တက်တစ်ခုဖြစ်ပြီး ပြင်ဝန်းရွာ၊ သရဖုံရွာ၊လယ်သစ်ရွာတို့သို့ သွားရောက်နိုင်သောချောင်းငယ်တစ်ခုဖြစ်ပြီး အဆိုပါချောင်းမှတဆင့် ဘိန်းစာမှုန့်၊ယာဘ(မြင်းဆေး)စသော မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်နေသော အဓိကလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

လှေနှင့်အတူနှစ်မြုပ်ခဲ့သူ ဦးတင်သိန်းအား(၂.၆.၂၀၁၇)ရက်နေ့တွင် အုပ်ချုပ်ရေးမှူး၏ သတင်းပေးတိုင်တန်းမှုရရှိပြီးမှသာ တနင်္သာရီရဲစခန်းမှသိရှိခဲ့ရပြီး သေဆုံးသည်ဟုယူဆရသူအား ကျေးရွာမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

မောတောင်သတင်း မီဒီယာ
တနင်္သာရီမြို့နယ်၊ ပြင်ဝန်းမြစ်ဝတွင် လှေ(၂)စီးတိုက်မှုဖြစ်ပွား တနင်္သာရီမြို့နယ်၊ ပြင်ဝန်းမြစ်ဝတွင် လှေ(၂)စီးတိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.