မနီလာရှိ ဟိုတယ် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၄ ဦး တွေ့ရှိ

တိုက်ခိုက် မီးရှို့မှု ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Resorts World Manila အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    မနီလာ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Resorts World Manila အတွင်း သေနတ်သမား တစ်ဦး တိုက်ခိုက်ပြီး မီးရှို့ခဲ့ပြီးနောက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်တွင် ပြောကြားလိုက်သည်။

“တချို့ အလောင်းတွေကို ဒုတိယထပ်က ကာစီနို အတွင်းခန်းမှာ တွေ့တယ်၊ အချို့ကိုတော့ ဇိမ်ခန်းအတွင်းမှာ တွေ့ရတယ်” ဟု တောင်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ တိုမက်စ် အပိုလီနာရီယိုက CNN ဖိလစ်ပိုင် သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

သေဆုံးသူအများစုမှာ မီးခိုကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့သည်ဟု ယူဆထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မနီလာရှိ ဟိုတယ် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၄ ဦး တွေ့ရှိ မနီလာရှိ ဟိုတယ် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၄ ဦး တွေ့ရှိ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.