ပြင်ဦးလွင်မြို့တွင် လေအနည်းငယ်တိုက်ပြီး ဓာတ်တိုင်များ ထပ်ပိုင်းကျိုးကျ


ပြင်ဦးလွင်မြို့တွင် ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လေအနည်းငယ်တိုက်ပြီး မိုးရွာစဉ် ​ဈေးကြီးလမ်း ချယ်​ရီလွင်​ ရုပ်​ရှင်​ရုံ​ရှေ့မှ ​ရွှေဘိုလမ်း​ထောင့်​ထိ လျှပ်​စစ်​ဓာတ်​တိုင်​ ၆ တိုင်​ ထပ်ပိုင်းကျိုးကာလဲကျပြီး ကားသုံးစီး ၊ စက်​ဘီးတစ်​စီးပျက်စီးကာ လူနှစ်ဦး မစိုးရိမ်ရသောဒဏ်ရာ အနည်းငယ်ရရှိကြောင်း သိရသည်။


အဆိုပါရုပ်​ရှင်​ရုံအနီး ပိ​တောက်​ပင်​လဲကျရာမှ သစ်ကိုင်းများသည် ဓာတ်​ကြိုး​ပေါ်သို့ကျကာ ဓာတ်​ကြိုးအား ဆွဲချသလိုဖြစ်​ပြီး ဓာတ်​တိုင်​ ၆တိုင်​လဲကျခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ထပ်ပိုင်းကျိုးကာလဲကျသွားသည်ဓာတ်တိုင်​​များကို သက်​ဆိုင်​ရာ ဝန်​ထမ်းများက အမြန်​ဆုံးပြုပြင်ကာ လျှပ်​စစ်​ဓာတ်​အားအမြန်​ဆုံးရအောင် ကြိုးပမ်း​ဆောင်​​ရွက်ပေးနေပြီး ဓာတ်တိုင်များကျိုးကျခြင်းအပေါ် ဒေသခံများက ဝေဖန်ပြောဆိုမှုများရှိနေကြောင်းသိရသည်။

CK
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ပြင်ဦးလွင်မြို့တွင် လေအနည်းငယ်တိုက်ပြီး ဓာတ်တိုင်များ ထပ်ပိုင်းကျိုးကျ ပြင်ဦးလွင်မြို့တွင် လေအနည်းငယ်တိုက်ပြီး ဓာတ်တိုင်များ ထပ်ပိုင်းကျိုးကျ Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.