မြန်မာနဲ့ တရုတ် ငြိမ်းချမ်းရေးအတွက် ဆက်လက်ပူးပေါင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ဖန်းဖန်ဟွေအား လက်ခံတွေ့ဆုံ။ ဓါတ်ပုံ - Myanmar State Counsellor Office
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး Fang Fenghui ဖန်းဖန်ဝှီ တို့ တွေ့ဆုံရာမှာ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေး အောင်မြင်ရေးအတွက် တရုတ်ပြည်က ပါဝင်ကူညီခဲ့တာကို အသိအမှတ်ပြုကြောင်းနဲ့ ၂ ပြည်ထောင်နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တရုတ်ပြည်နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။


တရုတ်ဗိုလ်ချုပ်ကြီး ဖန်းဖန်ဝှီ ကလည်း သမတ ရှီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲကြိုးစားမှုကြောင့် ၂ နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေ ပိုမိုအားကောင်းလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ မြန်မာတပ်မတော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မယ်လို့လည်း သူကပြောဆိုခဲ့ကြောင်း ဆင်ဝါ သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာနဲ့ တရုတ် ငြိမ်းချမ်းရေးအတွက် ဆက်လက်ပူးပေါင်း မြန်မာနဲ့ တရုတ် ငြိမ်းချမ်းရေးအတွက် ဆက်လက်ပူးပေါင်း Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.