ရန်ကုန် ဇွန် ၎
ဇွန်လ ၄ ရက်နေ့  မွန်းလွဲပိုင်းက မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်မြို့နယ် အမှတ် (၃)ရပ်ကွက် ကမာရွတ် ဘူတာရုံလမ်းနှင့် (၁၁)လမ်းထောင့်ရှိ ရတနာမွန်ဈေးဆိုင်ခန်း ၁၆ဝ အနက် ဆိုင်ခန်းပေါင်း ၇ဝ ခန့်သည် မိုးထားသော သွပ်ပြားများ လန်ကာပျက်စီးခဲ့ပြီး (၁၁)လမ်းတစ်လျှောက်ရှိ သစ်ပင်တချို့လဲကျ ခဲ့သည်။
ထို့အပြင် အဆိုပါမြို့နယ် အမှတ်(၁)ရပ်ကွက် ဘူတာရုံလမ်းရှိ လျှပ်စစ် ဓာတ်တိုင်နှစ်တိုင် ကျိုးပဲ့ပျက်စီးခဲ့သည့်အပြင် အမှတ်(၂၄) အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း၊ အမှတ်(၅)ရပ်ကွက် ကမာရွတ် ဘူတာရုံ ရုံးဟောင်းအနီးရှိ လုံးပတ် သုံးပေ ၊ အမြင့် ၂၅ ပေခန့်ရှိ ကုက္ကိုပင်သည် ရထားသံလမ်းပေါ်သို့ လဲကျခဲ့သဖြင့် မီးရထားသွားလာမှု ခေတ္တပိတ်ထားခဲ့ရသည်။
လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဒုက္ခရောက်သူများအား မြို့နယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်းကောက်ယူလျက်ရှိပြီး နေထိုင်ရန်အခက် အခဲဖြစ်ပေါ်သူများအား အမိုးအကာအောက် ရွှေ့ပြောင်းပေးကာ ယာယီနေရာ ချပေးထားကြောင်း သိရသည်။
မြတ်စိုး(လှိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လှိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲပြီး နေအိမ်အချို့ပျက်စီး
Reviewed by THITHTOOLWIN
on
08:47
Rating: