ရပ်ထားသော ကုန်တင်ယာဉ်နှစ်စီးအား ကုန်တင်ယာဉ်က မျက်နှာချင်းဆိုင်ဝင်တိုက် ယာဉ်နောက်လိုက်တစ်ဦးသေဆုံး |
ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့မရဲစခန်းအပိုင် ဖြူးချောင်း တံတားမြောက်ဘက် - ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၄၂/၃) နှင့် (၁၄၂/၄)ကြားတွင် ရပ်ထားသော ကုန်တင်ယာဉ်နှစ်စီးအား ကုန်တင်ယာဉ်က မျက်နှာချင်းဆိုင်ဝင်တိုက်မှုကြောင့် ယာဉ်နောက်လိုက်တစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ဇေယျဝတီမြို့ဘက်မှဖြူးမြို့တွင်းသို့ အချိုရည်ပုလင်းခွန်များတင်ဆောင်၍ ယာဉ်မောင်းဦးသန့်ဇင်ဦး (၃၆)နှစ်၊ ကျိုက်စကောရွာဒိုက်ဦးမြို့နေသူ မောင်းနှင်လာ၍ ယာဉ်နောက်လိုက် မောင်သက်ထွန်းဇော် ၊ အောက်မြစ်တန်းရွာမနောအုပ်စု ၊ ဘိုကလေးမြို့နယ် နေသူလိုက်ပါလာသော ၁၂ ဘီးယာဉ် 3M/------ အဖြူရောင် ၁၂ဘီးယာဉ်က မျက်နှာချင်းဆိုင်ရပ်တန့်ထားသော (၆)ဘီးယာဉ် 2M/------နှင့် FK 64 Fi အဖြူရောင်ယာဉ်မောင်း ဦးသန်းလွင် (၅၇) နှစ် ၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးသန်းထွန်း (၄၈)နှစ် ၊ စက်သွားတောရွာ ၊ မှော်ဘီမြို့နယ်နေသူလိုက်ပါလာသော အချိုရည်ပုလင်းများ တင်ဆောင်မောင်းနှင် လာသည့် ယာဉ် နှင့် 2M/----- ယာဉ် နောက်မှ ရပ်တန့်ထားသည် 6J/---- အပြာရောင်ယာဉ်မောင်း အောင်ကိုဦး (၂၉)နှစ် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်နောက်လိုက် အောင်နိုင်လင်း(၁၉)နှစ် ၊ မှော်ဘီမြို့နယ်နေသူ လိုက်ပါလာသော ယာဉ်(၂)စီးမှ ရပ်တန့်ထားသော 2M/-----မျက်နှာချင်းဆိုင်ဝင်တိုက်မိခဲ့သည်။
၎င်းယာဉ်နောက်တွင် ရပ်တန့်ထားသော 6J/------- ယာဉ်အား 2M/------ ယာဉ်၏ နောက်ပိုင်းဖြင့် ယာဉ်ဦးခေါင်းအား အရှိန်ဖြင့် ဆက်လက်တိုက်မိခဲ့သဖြင့် 3M/----- အဖြူရောင် ၁၂ ဘီးယာဉ် ယာဉ်မောင်းသန့်ဇင်ဦး ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ယာဉ်နောက်လိုက် သက်ထွန်းဇော် မှာ ဖြူးဆေးရုံသို့တက်ရောက်ကုသနေစဉ် သေဆုံးသွားပြီး 2M/-----ယာဉ် နောက်လိုက် သန်းဌေးဦး (၄၈)နှစ် ၊ စက်သွားတောရွာ မှော်ဘီမြို့နယ်နေသူ ဒဏ်ရာရရှိသဖြင့် ဖြူးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) ကုသနေရပြီး ၊ ယာဉ်သုံးစီးလုံး ပျက်စီးသွားပြီး စုစုပေါင်း ကာလတန်ကြေးကျပ်သိန်း (၁၅ဝ)ခန့် ပျက်စီးဆုံးရှုံးသွားကြောင်းသိရပြီး အမှုကို ဖြူးမြို့မရဲစခန်းမှ အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
(ဖြူးမြင့်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖြူးမြို့ နယ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ် ယာဉ်နောက် တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
20:18
Rating: