လင်မယားချင်း စကားများရာမှ တုတ်ဖြင့် ရိုက်ကာ လည်ပင်းညှစ် လူသတ်မှုဖြစ်ပွား

လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား ။ ဓါတ်ပုံ - ​Tin Naing Tun (fb)
ရန်ကုန် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ဒလင်း လှည်းဆိပ်ကျေးရွာတွင် မေလ ၂၇ ရက် နံနက် ၉ နာရီက လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဒလင်းလှည်းဆိပ်ကျေးရွာနေ မခင်လေးနွယ် (၂၄နှစ်)သည် ခင်ပွန်းဖြစ်သူအောင်ကိုကို (၂၈နှစ်)နှင့် စကားများ ရန် ဖြစ်စဉ် အောင်ကိုကိုက မခင်လေးနွယ်အား လည်ပင်းညှစ်ပြီး တုတ်ဖြင့်ရိုက်သောကြောင့် ဒဏ်ရာများ ရရှိသေဆုံးသွားခဲ့ခြင်းဖြစ် သည်။

 ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးလေးတော်စပ်သူ ဦးစိုးဝင်း က အရေးယူပေးရန် တိုင်တန်းချက်အရ အောင်ကိုကိုအား ကျိုက်ပိ နယ်မြေရဲစခန်းမှ(ပ) ၁၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဟန်လေး
The Union Daily
https://www.facebook.com/uniondaily.net/
လင်မယားချင်း စကားများရာမှ တုတ်ဖြင့် ရိုက်ကာ လည်ပင်းညှစ် လူသတ်မှုဖြစ်ပွား လင်မယားချင်း စကားများရာမှ တုတ်ဖြင့် ရိုက်ကာ လည်ပင်းညှစ် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.