ငွေဆောင်မြို့နယ် ဆင်မကျေးရွာရှိ ပညာရေးဝန်​ထမ်း​အဆောင်​အား ဝရမ်းကပ်​ထားသဖြင့် ​ကျောင်းဆရာမများ နေထိုင်ရေးအခက်​​တွေ့​နေ

ဓာတ်ပုံ - ကျော်မင်းဟန်/ဟိန်းစိုးလင်း (A Times)
(​ငွေ​ဆောင်​) ဇွန် ၃ ရက်

ဧရာဝတီတိုင်း​ဒေသကြီး ​ငွေ​ဆောင်​မြို့နယ်​ ဆင်​မအုပ်​စု ဆင်​မ​ကျေးရွာ အထက်တန်း​ကျောင်း (ခွဲ) ​အမျိုးသမီး ဝန်းထမ်း​ဆောင်​အား ​မြေယာအမှုကိစ္စနှင့်​ ပတ်​သက်​ပြီး ယာယီတားဝရမ်းကပ်​ထားသဖြင့်​ ဝန်​ထမ်း​ဆောင်​တွင်​ နေထိုင်ခွင့်​မ​ရသည့်အတွက် ဆရာမ ၁၂ ဦး စား​ရေး ​နေ​ရေး အခက်​အခဲ​ဖြစ်နေ​ကြောင်းသိရသည်​။

၂၀၁၇/၂၀၁၈ ပညာသင်​နှစ်​အတွက်​ အထက ဆင်​မ​ကျောင်းသို့ အနယ်​နယ်​ အရပ်​ရပ်​မှ တာဝန်​ကျ ဆရာ/ဆရာမ ၁၄ ဦးရှိပြီး ဝရမ်းကပ်​ထား​သော အမျိုးသမီး ဝန်​ထမ်း​ဆောင်​တွင်​ ဆရာမ ၁၂ ဦး ​နေထိုင်​လေ့ရှိကြောင်း သိရသည်​။


ဝရမ်းကပ်​ထား​သော​ကြောင့်​ ဆရာမ​တွေမှာ စာသင်​​ကျောင်းတွင်​ အခန်းဖွဲ့​၍ ​နေထိုင်​လျက်​ရှိပြီး ​နေ​ရေး ထိုင်​​ရေး ခက်​ခဲ​နေ​ကြောင်း သိရသည်​။

"အ​ဆောင်​မှာ​နေတာ မိန်းခ​လေးချည်း ၁၂​ ယောက်​ပါ။ ​ကျောင်းဖွင့်​ချိန်​ဆို​တော့ တာဝန်​အရ ​ကျောင်းကို ပြန်​လာ​တော့ ​နေစရာက မရှိဘူး။ ​ကျောင်း​ပေါ်မှာပဲ စာသင်​ခန်းကို ကန့်​ပြီး ​နေကြရတယ်​။ စာသင်​ခန်းကို ကန့်​လိုက်​​တော့ ​ကျောင်းသား​တွေလဲ ကြပ်​ကုန်​​ရော အခန်းက ဘုရားခန်းဘက်​ဆို​တော့ လုံချည်​လှမ်းတာကအစ အဆင်​မ​ပြေဘူး။ ထမင်းလည်းချက်​စားလို့မရ မိုး​ကယိုတယ်​ ​နေ​ရေး ထိုင်​​ရေး အရမ်းခက်​ခဲ​နေတယ်​။ ဖြစ်​သလိုပဲ ​ ​နေရတယ်​"ဟု ဝရမ်းကပ်​ထား​သော
အ​ဆောင်​တွင်​ ၃ နှစ်​​နေခဲ့ဖူးသူ ဆရာမ ​မငုဝါ​ခိုင်​ က​ပြောသည်​။


ဆင်​မအထက်တန်း​ကျောင်း ခြံဝန်းအား အလှူရှင်​ ၄ ဦးမှယခင်​ထဲက လှူဒါန်းခဲ့ပြီး ယခု့​ကျောင်းခြံဝန်း လန/ ၃၉ ပါအကျယ်​ ၇.၅၁ ဧကတွင်​ အလှူရှင်​အချို့၏ ​လှူထား​သော ​မြေများ ပို​ယူထားသည်​ဟု အငြင်းပွားလျှက်​ရှိပြီး နှစ်​ဖက်​အမှု့အခင်းများ ဖြစ်​​နေ​ကြောင်းသိရသည်​။

အမျိုးသမီးဝန်​ထမ်း​ဆောင်​သည်​လည်း အဆိုပါ အငြင်းပွားမှု့ ​မြေ​နေရာတွင်​ပါဝင်​​နေ​ကြောင်းသိရသည်​။ အ​ဆောင်​တွင်​ဆရာမ​တွေ ​နေထိုင်​​ရေးနှင်​ပတ်​သက်​၍ သက်​ဆိုင်​ရာ တရားရုံးများသို့ သွား​ရောက်​စုံစမ်းမှု့များ ရှိပြီး ဝရမ်းထုတ်​​သော ကာယကံရှင်​ဘက်​က ​လက်​ခံလျှင်​လည်း အ​ဆောင်​တွင်​ ဆရာမ​တွေ​နေလို့ ရနိုင်​​ကြောင်း ဆင်​မအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦ​အောင်​ကိုလွင်​ ထံမှသိရသည်​။

"အ​ဝေးကလာတဲ့ ဆရာမ​တွေ အ​နေနဲ့ စိတ်​ဓာတ်​​တွေကျမှာစိုးတယ်​။ ​နေစရာကမရှိဘူး​လေ ဘုရားခန်းနားက စာသင်​ခန်းကို ကန့်​ပြီး ​နေလို့ရရုံ​လေးလုပ်​​ပေးထားရတယ်​။ ​မေလ ၈ ရက်​​နေမှာ ဝရမ်းကပ်​တာ ပညာ​ရေးဌာနကို ထူးခြားဖြစ်စဉ်​​အ​နေနဲ့ အ​ကြောင်းကြားထားပြီးသားပါ။ လာ​ရောက်​​ဖြေရှင်း​ ပေးတာမျိုး​တော့ မရှိ​သေးပါဘူး"ဟု ဆင်​မ အထက်တန်းကျောင်းခွဲ ​ကျောင်းအုပ်​ဆရာကြီး ဦးရင်​​အေးမှ​ ပြောသည်​။

အဆိုပါ အမျိုးသမီးဝန်​ထမ်း​ဆောင်​အား ၂၀၁၃ ခုနှစ်​ မေလ ၂ ရက်​​နေတွင်​ စတင်​​ဆောက်​လုပ်​ခဲ့ပြီး လွန်​ခဲ့​သော ၄ နှစ်​ခန့်​မှစ၍ ဝန်​ထမ်းများ ​နေထိုင်​ခဲ့​ကြောင်း သိရသည်​။

ကျော်မင်းဟန်​/ဟိန်းစိုးလင်း
Ayeyarwaddy Times
https://www.facebook.com/ayetimes
ငွေဆောင်မြို့နယ် ဆင်မကျေးရွာရှိ ပညာရေးဝန်​ထမ်း​အဆောင်​အား ဝရမ်းကပ်​ထားသဖြင့် ​ကျောင်းဆရာမများ နေထိုင်ရေးအခက်​​တွေ့​နေ ငွေဆောင်မြို့နယ် ဆင်မကျေးရွာရှိ ပညာရေးဝန်​ထမ်း​အဆောင်​အား ဝရမ်းကပ်​ထားသဖြင့် ​ကျောင်းဆရာမများ နေထိုင်ရေးအခက်​​တွေ့​နေ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.