တောင်ကုတ်မြို့နယ်၌ တရားမ၀င်သွားရောက်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူအား ဖမ်းဆီးရမိ

တောင်ကုတ်မြို့နယ်၌ တရားမ၀င်သွားရောက်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူအား ဖမ်းဆီးရမိ
ဇွန် ၁၊ ၂၀၁၇

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၃၀ ရက် ညပိုင်း က တောင်ပုံကြီး စစ်ဆေးရေးဂိတ်၌ ယာဉ်များအား စစ်ဆေးဆောင်ရွက်စဉ် ရန်ကုန်မြို့သို့ တရားမ၀င်သွားမည့်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေ ၃၀ ရက် ည ၁၀ နာရီခန့်က တောင်ကုတ်မှ ရန်ကုန်သို့ မောင်းနှင်လာသော တိုးရတနာ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်ပါ ဦးလှသိန်း(၄၇) နှစ်မှာ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းမှ မချိုချိုဝင်း(ခ) ရိုရှီတာ (၂၄)နှစ်နှင့် သူမ၏ သားဖြစ်သူ ထက်ကျော်လင်း (၆)နှစ်၊ သမီးဖြစ်သူ လင်းလင်း ရည်ဝင်း(၃)နှစ် တို့အား အခကြေးငွေ (၇)သိန်းကျပ် ရယူ၍ ခေါ်ဆောင်လာကြောင်း သိရှိရသဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom

တောင်ကုတ်မြို့နယ်၌ တရားမ၀င်သွားရောက်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူအား ဖမ်းဆီးရမိ တောင်ကုတ်မြို့နယ်၌ တရားမ၀င်သွားရောက်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.