ဘိန်းပါဝင်သောဆေးဝါး ထုတ်လုပ်သည့်ကုမ္ပဏီများကို တရားစွဲဆိုသွားမည်


အမေရိကန်ပြည်ထောင်စုတွင် ဘိန်းပါဝင်သောဆေးဝါးများကို လွန်ကဲစွာသုံးစွဲမှုကြောင့် အလောင်းထား ရန် နေရာပင်မလောက်တော့အောင် လူသေဆုံးမှုများပြားနေသဖြင့် ၄င်းဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီ များကို တရားစွဲဆိုသွားရန် သက်ဆိုင်ရာက စီစဉ်လျက်ရှိကြောင်း သိရသည်။

ဘိန်းပါသောဆေးဝါးလွန်ကဲစွာသုံးစွဲမှုသည် လူထုအကြား ကူးစက်ပျံ့ နှံ့ လျက်ရှိရာ အိုဟိုင်းယိုး ကဲ့သို့  ပြည်နယ်တွင် လူနာတင်ယာဉ်များမှာ ဆေးလွန်ကဲမှုကြောင့် မေ့မျောသွားသည့်လူနာများကိုသာ နေ့ စဉ် သယ်ယူပေးနေရသဖြင့် မူလအလုပ်ကိုပင် ကောင်းစွာမလုပ်နိုင်တော့သည့်အခြေအနေသို့  ရောက်ရှိနေပြီး ဆေးရုံရှိ ရင်ခွဲရုံများတွင်လည်း အလောင်းကိုသိမ်းရန်နေရာပင် မလုံလောက်တော့ အောင် သေဆုံးမှုများပြားနေခြင်းဖြစ်ကြောင်း သိရသည်။

အခုလို လူအမြောက်အများသေကြေပျက်စီးရတဲ့ ဘိန်းပါတဲ့ဆေးလွန်ကဲမှုအတွက် ဘယ်သူ့ မှာတာဝန် ရှိသလဲဆိုတာကို ဆန်းစစ်ကြည့်တဲ့အခါ အဲဒီဆေးဝါးတွေကိုထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေမှာ အဓိကတာဝန်ရှိတာကိုတွေ့ ရပါတယ်။ ဆေးညွှန်းတွေမှာ အဲဒီဆေးဝါးတွေကို ဆေးစွဲတတ်ကြောင်းနဲ့  အခြား ဘေးထွက်ဆိုးကျိုးတွေကို ပေါ်လွှင်ထင်ရှားစွာ ရေးသားဖော်ပြဖို့ ပျက်ကွက်ကြပါတယ်။ ဒါကြောင့် တစ်ချိန်က ဆေးလိပ်ရဲ့ ဆိုးကျိုးကိုဖော်ပြဖို့ ပျက်ကွက်ခဲ့လို့  ဆေးလိပ်သောက်သူတွေမှာ ရောဂါမျိုးစုံခံစားရပြီးနောက် ဆေးလိပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကို တရားစွဲဆိုပြီး လျော်ကြေးတောင်းခဲ့ ကြသလိုပဲ အခုလည်း ဘိန်းပါတဲ့ဆေးသောက်သုံးမိပြီးတော့ ဖြစ်ပွားတဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် အဲဒီဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေကို တရားစွဲဆိုမှုတွေ စတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ် ဟု အိုဟိုင်းယိုးပြည်နယ်၏ ရှေ့ နေချုပ် Mike DeWine က ပြောပြသည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌ ဘိန်းပါသောဆေးဝါးသောက်သုံးရန် ဆရာဝန်များ ရေးသားပေးသည့်ဆေးညွှန်းပေါင်း ၇၉၃ သန်း ရှိခဲ့ကြောင်း၊ ၄င်းပမာဏသည် အမေရိကန်နိုင်ငံသူနိုင်ငံ သားများအားလုံးကို တစ်ဦးလျင် ၆၈ လုံး ဝေငှ၍ လောက်နိုင်ကြောင်း၊ ၂၀၁၆ ခုနှစ်ကလည်း အမေရိ ကန် ပြည်ထောင်စုတ၀န်းလုံး၏ လူဦးရေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းထက်မနည်းကို ဘိန်းပါသောဆေး ၀ါး သောက်သုံးနိုင်ရန် ဆရာဝန်များက ဆေးညွှန်းရေးပေးခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု တ၀န်း တွင် ဘိန်းပါသောဆေးဝါးသောက်သုံးမှု လွန်ကဲ့ခြင်းကြောင့် လူအသေအပျောက်အများဆုံးမှာ အိုဟိုင်း ယိုး ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဘိန်းပါဝင်သောဆေးဝါး ထုတ်လုပ်သည့်ကုမ္ပဏီများကို တရားစွဲဆိုသွားမည် ဘိန်းပါဝင်သောဆေးဝါး ထုတ်လုပ်သည့်ကုမ္ပဏီများကို တရားစွဲဆိုသွားမည် Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.