ရေး-မော်လမြိုင်ကားလမ်း ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ ၂ ဦးစိုးရိမ်ရ


ရေ ၊ ဇွန် ၁၅

ဇွန်လ ၁၅ရက်နေ့ က မွန်ပြည်နယ် ရေး-မော်လမြိုင်ကားလမ်းမကြီး ကရင်တမော့ကျေးရွာအနီးတွင် မော်လမြိုင်မှ ရေးသို့ ယာဉ်မောင်း သော်တာလင်းမောင်းနှင်လာသော ဟိုက်အေ့စ်အမျိုးအစားယာဉ်က ရှေ့မှမောင်းနှင်လာသောကားအား ကျော်တက်စဉ် ရေးမှ မော်လမြိုင်သို့ ညာဘက်ယာဉ်ကျောအတိုင်းမောင်းနှင်လာသောယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ လမိုင်းမြို့ရဲစခန်းက သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်နှစ်စီးလုံး၏ခေါင်းပိုင်းများကြေမွခဲ့ပြီး တန်ဘိုးငွေကျပ်သိန်း(၄၀)ဆုံရှုံးခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး မစန်းစန်းခိုင်နှင့် ကိုတိုးဝင်းဇော်တို့မှာ စိုးရိမ်ရသဖြင့် မော်လမြိုင်ဆေးရုံသို့ တင်ပို့ထားရကြောင်းနှင့် ရဲလုပ်ငန်းစဉ်များအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

သတင်း - စံရ (နှစ်ကရင်)
ရေးတော်ဝင် - သတင်းလွှာ
https://www.facebook.com/yetawwinnewsletter
ရေး-မော်လမြိုင်ကားလမ်း ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ ၂ ဦးစိုးရိမ်ရ ရေး-မော်လမြိုင်ကားလမ်း ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ ၂ ဦးစိုးရိမ်ရ Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.