ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုးလားသဖြင့် ကမ်းပြိုလာပါက နေအိမ်များမပါရှိရေး ရွေ့ပြောင်းခြင်းပြုလုပ်လာကြ |
ကသာမြို့နယ်မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုးလားသဖြင့် ကမ်းပြိုလာပါက နေအိမ်များမပါရှိရေး ကြိုတင်ကာကွယ် ဖျက်သိမ်းခြင်း တစ်ရပ်အနေဖြင့် ရွေ့ပြောင်းခြင်းဇွန်လ ၄ ရက်တွင်ဆောင်ရွက်နေရာ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဌာနမှထောက်ပံ့ ကူညီမှုများဆောင်ရွက်ပေးနေကြောင်းသတင်းသိရသည်။
ထို့ပြင် ကသာမြို့နယ် မိုးတားလေးကျေးရွာတွင်ဧရာဝတီမြစ်ရေ နှစ်စဉ်တိုးရေသည့် ဇွန် ၄ ရက် တွင် ၇၄၃ စင်တီမီတာတိုးလာရာ မြစ်ကမ်းတစ်လျှောက်အခြေပြုနေထိုင်သော ဒေသခံများ နေအိမ်များကမ်းပါးပြိုကျခြင်းကြောင့် ဆုံးရှုံးခြင်းမရှိစေရန် အတွက် နေအိမ်များကို ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် ကြိုတင်ဖျက်သိမ်း၍ ဆွေးမျိုးသားချင်းများရှိရာသို့လည်းကောင်းဘုန်းကြီးကျောင်းသို့လည်းကောင်း ခေတ္တရွေ့ပြောင်းခြင်းကို ဆောင်ရွက်ကြလျှက်ရှိရာ နယ်မြေခံ ရဲတပ်ဖွဲ့ ၊ အရန်မီးသတ်တပ်ဖွဲ့ ရပ်ရွာဒေသခံများ လူမှုကူညီရေး အဖွဲ့များဝိုင်းဝန်း၍ လုပ်အား ဒါနကူညီစောင့်ရှောက်ခြင်းကို လူသားအကျိုးပြု ပရဟိတ စိတ်များဖြင့် ရွေ့လျာရွေ့ပြောင်းရာ နေအိမ် (၉)လုံးမိသားစုပေါင်း (၃၇)ဦးအား ရွေ့ပြောင်းပေးခြင်းကို ကူညီကြလျှက်ရှိကြောင်းနှင့် ကသာမြို့နယ် လူမူကူညီရေးနှင် ပြန်လည်နေရာချထားရေး ဌာနမှ ပစ္စည်း (၅)မျိုးဖြစ်သည့် ပုဆိုး ၊လုံချည် ၊ဆပ်ပြာ ၊ တီရှပ်အကျီ ၊ခြုံပုဝါ များကို မြို့နယ် စီမံခန့်ကော်မတီဌာနဝန်ထမ်းများ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင် ရာ ဝန်ထမ်းများလိုက်ပါ၍ ထောက်ပံ့ကူညီ ပေးခြင်းကိုဆောင်ရွက်ကြလျှက် ဧရာဝတီမြစ်ရေဝင်ရောက်လျှက်ရှိသော မြေနိမ့်ပိုင်းနေရာများကမ်းပါးပြိုကြ၍ ဖျက်သိမ်းနေသော နေရာများ လိုက်လံကြည့်ရှု့ပြီး လိုအပ်သည့်များကို မှာကြားပေးခဲ့ကြကြောင်း သိရသည်။
ထို့နာက် လူမှုကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဌာနမှ အိမ်ဆောက်ပစ္စည်းများအတွက်ထောက်ပံ့ငွေသားများကိုလည်းဆက်လျှက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်များ လူမှုအသင်းအဖွဲ့များ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များရေဘေးကယ်ဆယ်ရေးလုပ်ငန်းကို အချိန်နှင့်တစ်ပြေညီဆောင်ရွက်ရန် စောင့်ကြည့်သတင်းများ ယူနေကြောင်းသတင်းရရှိသည်။
ငွေအိုး (ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုးလားသဖြင့် နေအိမ် ၉ လုံးပြောင်းရွေ့ 
Reviewed by THITHTOOLWIN
on
22:51
Rating: