နိုင်ငံ့လုံခြုံရေးကို ထိခိုက်နိုင်၍ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်းကို အီသီယိုးပီးယားအစိုးရပိတ်ပင်


အဒစ်အဘာဘာ ဇွန် ၁

အီသီယိုးပီးယားအစိုးရသည် နိုင်ငံ့လုံခြုံ ရေးကို ထိခိုက်နိုင်သည့်အခြေအနေများရှိနေ ခြင်းကြောင့် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်းကို ပိတ်ပင်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနကဖော်ပြသည်။

အီသီယိုးပီးယားအစိုးရသည် ယမန်နေ့က လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲမေးခွန်း ပေါက်ကြားမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များအသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ သည်။

 ထို့အပြင် ပြီးခဲ့သည့်နှစ် အောက်တို ဘာလက တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်သောဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး နောက်တွင် အရေးပေါ်အခြေအနေကြေညာမှု များပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းက လည်း မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံး ပြုခြင်းကို ရက်သတ္တပတ်အနည်းငယ်ခန့် ပိတ်ပင်မှုပြုလုပ်ခဲ့သည်။

 မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ခဲ့ရသည့် အကြောင်းရင်းကို အီသီယိုးပီးယားအစိုးရက တိကျစွာသတင်းထုတ်ပြန်မှုမရှိခဲ့သော်လည်း အီသီယိုးပီးယားဆက်သွယ်ရေးဝန်ကြီးဌာန က အမှန်တကယ်လိုအပ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုအတည်ပြုခဲ့သည်။

 မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်နေ သည့်ကုမ္ပဏီများက အီသီယိုးပီးယားအစိုးရ ၏ ဆုံးဖြတ်ချက်ကိုလက်မခံနိုင်ဟုတုံ့ပြန်ခဲ့ သည်။

The Union Daily
https://www.facebook.com/uniondaily.net/
နိုင်ငံ့လုံခြုံရေးကို ထိခိုက်နိုင်၍ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်းကို အီသီယိုးပီးယားအစိုးရပိတ်ပင် နိုင်ငံ့လုံခြုံရေးကို ထိခိုက်နိုင်၍ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်းကို အီသီယိုးပီးယားအစိုးရပိတ်ပင် Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.