မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းအိမ်ယာမှ (၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့


၂၀၁၇ ၊ မေလ ၊ ၃၁ မြောက်ဒဂုံမြို့နယ် ၊ (၃၇)ရပ်ကွက် ၊ စည်ပင်သာယာဝန်ထမ်းအိမ်ယာတွင် နေထိုင်လျက်ရှိသော မ ………. အသက်(၁၈)နှစ်သည် မေလ ၃၁ရက်နေ့ နံနက်ပိုင်း နေအိမ်တွင် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းကို မြောက်ဒဂုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူအညီ တောင်းခံလာသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် အသင်းသားများသွားရောက်၍ ကျန်ရှိသောရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။

သတင်း - ဖြိုးဖြိုး(FFSS)
ဓါတ်ပုံ - အောင်စိုးပိုင် (FFSS)
နာရေးကူညီမှုအသင်း-ရန်ကုန်
မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းအိမ်ယာမှ (၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းအိမ်ယာမှ (၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.