ရန်ကုန် ဇွန် ၄ ရက်
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့မရဲခစန်းမှဒုတိယရဲအုပ် ၀င်းမော်အောင်သည် ဇွန် ၃ ရက် ည ၁၁ နာရီအချိန် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် အောင်မင်္ဂလာရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းမဘေး၌လူတစ်ဦးအရိုက်ခံရသဖြင့် လဲကျသေဆုံးနေကြောင်းသတင်းအရစခန်းမှူး ဒုတိယရဲမှူး သိန်းထွန်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ သောက်တော်တွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာသေဆုံးသူမှာ စမီုးဇက်လင်း အသက် (၂၉) နှစ်၊ ကမန်းတောင်ကျေးရွာ၊ အိမ်မဲမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရသည်။
အလောင်းအားသန်လျင်အထွေထွေဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ကာစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အဆိုပါသေဆုံးမှုအားသက်သေများရှေ့တွင် ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်သူ ချိုကြီး (ခ) ကျော်မင်းအောင် အသက် (၂၄) နှစ် ဘိုကုန်းခြံ၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ သန်လျင်မြို့နယ် ၀င်းထွန်းမြတ် (ခ) မိုးဟေကိုအသက် (၂၀) နှစ် ကံသာယာ (၆) လမ်း၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ သန်လျင်မြို့ နေသူနှင့် ဖြိုးမမ (စုံစမ်းဆဲ) တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ လူသေဆုံးအောင် ရိုက်နှက်မှုအား သန်လျင်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်းသိရသည်။
သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင် ကျိုက်ခေါက်ဘုရားလမ်း၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
Reviewed by THITHTOOLWIN
on
17:14
Rating: