ရမ်းဗြဲမြို့နယ်တွင် ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ဟုဆိုကာ ဆန္ဒပြတောင်းဆို


 ဇွန် ၁

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ရမ်းပေါက်ချောင်းဖျား ကျေးရွာအုပ်စု၊ ထန်းပြိန် ကျေးရွာတွင် ဘာသာရေးကို လွတ်လပ်စွာ ကိုယ်ကွယ်ခွင့်ပေးဟုဆိုကာ ဇွန်လ ၁ ရက် နေ့လည် ၁၀ နာရီ အချိန်တွင် သံဃာတော်များ အပါအဝင် လူဦးရေ ၁၀၀၀ ကျော်ခန့်ဆန္ဒဖော်ထုတ်ခဲ့ရ ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒပြရသည့်အကြောင်းရင်းမှာ ၄င်းမြို့နယ် ထန်ပြိန်ကျေးရွာအတွင်း မူလ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်း ရှိရာမှ ရွာသားများ အချင်းချင်း စိတ်ဝမ်းကွဲမှု ဖြစ်ကာ အုပ်စု ၂ စုခွဲသွားခဲ့ကြောင်း ၊ ကွဲသွားသော အုပ်စုမှ ကျောင်းထိုင်ဆရာတော် တစ်ပါးပင့်ဆောင်လျှက် နောက်ထပ် ဘုန်းတော်ကြီး ကျောင်းဆောင်သစ် တစ်ဆောင်တည်ဆောက်ကာ ကိုးကွယ်မှုများ ပြုလုပ်သည်ကို မြို့နယ် သံဃာနာယက အဖွဲ့က တားဖြစ်ခဲ့ကြောင်း ၊ ကျောင်းဆောင်သစ်အား ပျက်သိမ်းမပေးပါက ကျောင်းထိုင်ဆရာတော်အား တရားစွဲမည်ဆို သည့်အတွက်ကြောင့် ဘာသာတရားအား လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိနိုင်ရန်အတွက် ဆန္ဒပြတောင်း ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြရွာသားများက ပြောသည်။


“ ကျွန်တော်တို့ရွာကနှစ်ပိုင်းကွဲနေတယ်။အဲဒီအချိန်မှာရမ်းဗြဲမြို့နယ် သံဃာနာယက အဖွဲ့ က မင်းတို့ ကိုးကွယ်ချင် ရင်ကိုးကွယ် ဆိုပြီးတော့ အမိန့်ထုတ်ထားတယ်။ အဲတာကြောင့် ကျွန်တော်တို့က ဘုန်းကြီး ကျောင်း တစ် ဆောင် ဆောက်ပြီးတော့ ကျောင်းရေစက် ချပြီင်္း တဲ့နောက်ပိုင်းမှာ သံဃာနာယကအဖွဲ့ က မကိုးကွယ်ရ ဆိုပြီး တော့ဟန့်တား တဲ့ အတွက် ကျွန်တော်တို့က အခုလို ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်တယ် ”ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူကို ထွန်းဝင်းကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ် တောင်းဆိုမှု အပေါ်တွင် ရမ်းဗြဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြသိန်း က“ သံဃာနာယက အဖွဲ့က ဆရာတော်ကို အရေးယူမဲ့ ကိစ္စကို ရွာသားတွေက ကာကွယ်တဲ့ သဘော အနေနဲ့ အခုလို တောင်းဆိုကြတာဖြစ်တယ်။ ဒါကတော့ကျွန်တော်တို့နဲ့မဆိုင်ဘူး သံဃာနာယက အဖွဲ့နဲ့ပဲ ဆိုင်တာဖြစ်တယ်။ ”ဟုပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် “ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိနိုင်ရေး ” “ ဦးခေမိန္ဒ အား ပြစ်မှုလုပ်ပြီး တရားစွဲဆိုမည့်အရေးအား ဟန့်တားပေးရေး” စသည့်တောင်းဆိုချက်များဖြင့် ရမ်းဗြဲမြို့ခြေရာတော် ဘုရားမှ စတင်ကာ မြို့တစ်ပတ် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သူကဆိုသည်။

သက်နိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရမ်းဗြဲမြို့နယ်တွင် ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ဟုဆိုကာ ဆန္ဒပြတောင်းဆို ရမ်းဗြဲမြို့နယ်တွင် ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ဟုဆိုကာ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.