တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးအနီး မြောင်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ရေမြောင်းအတွင်း သေဆုံးပြီး ပုပ်ပွနေသည့် အမည်မသိ အမျိုးသား အလောင်း တစ်လောင်းအား ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရှိရ၍ သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အလောင်းအား မည်သည့်အကြောင်းကြောင့် သေဆုံးခြင်းကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးနိုင်ရန် တာချီလိတ်နာရေးကူညီမှုအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း ကနဦး သိရှိရသည်၊

အလောင်းစတင်တွေ့ရှိရသည့် နေရာသို့ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် တာဝန်ရှိသူများ ရောက်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - S-Rose
Tachileik News Agency
http://www.tachileik.net
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးအနီး မြောင်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးအနီး မြောင်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.