လင်မယားချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဇွန် ၂

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ရွာမကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့် က လင်မယားချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ရွာမကျေးရွာနေ ဦးစိုးဦး(၅၀)နှစ်သည် နေအိမ်၌ရှိနေစဉ် ညီဖြစ်သူ ဇင်မင်းထွန်း (၃၀)နှစ်မှာ အရက်သေစာသောက်စားမူးယစ်လာပြီး ဓားကိုင်ကာရန်ရှာနေသဖြင့် ဇနီးဖြစ်သူ မနုနုလှိုင်(၂၇)နှစ်နှင့် လင်မယားချင်း စကားများရန်ဖြစ်ကြောင်း သိရသည်။

ရန်ဖြစ်စဉ် လုံးထွေးသတ်ပုတ်ကြရာမှ မနုနုလှိုင်က ဇင်မင်းထွန်း ကိုင်ဆောင်လာသည့် ဓားအားလုပြီး ဇင်မင်းထွန်း၏ လည်ပင်အား ဓားနှောင့်ဖြင့် ဖိထားရာ ဒဏ်ရာများရရှိ သေဆုံးသွားကြောင်း သိပါသည်။

အဆိုပါ လူသတ်မှုအား အရေးယူပေးရန် ဦးစိုးဦး၏ တိုင်တန်းချက်အရ မနုနုလှိုင်အား ဝင်းမနား နယ်မြေရဲစခန်း(ပ)၁၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လင်မယားချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား လင်မယားချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.