ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၄၂) (၃)ဖာလုံနဲ့ (၄)ဖာလုံအကြား ဖြူးမြို့၊ ၀ဲဒေါင့်ကျေးရွာမှာ ဇွန်(၃)ရက် နံနက်(၅)နာရီခွဲခန့်က ရပ်ထားတဲ့ ယာဉ်နှစ်စီးကို အခြားယာဉ်တစ်စီးက ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖြူးချောင်းတံတားအဆင်းမြောက်ဘက်ထိပ်မှာ ဇေယျဝတီမြို့ဘက်ကနေ ဖြူးမြို့တွင်းကို မောင်းနှင်လာတဲ့ (၁၂)ဘီးယာဉ်ဟာ အချိုရည်ပုလင်း
ခွံတွေ တင်ဆောင်ပြီး မောင်းနှင်လာစဉ် ဖြူးချောင်းတံတားလမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ လမ်းဘေးကို ချရပ်ထားတဲ့ FUSO (၆)ဘီးယာဉ်နဲ့ HINO (၆)ဘီးယာဉ်နှစ်စီးတို့ ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် (၁၂)ဘီးယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူယာဉ်အကူဟာ သေဆုံးသွားခဲ့ပြီး FUSO (၆)ဘီးယာဉ်နောက်လိုက်မှာ ဦးခေါင်းပေါက်ပြဲနဲ့ အခြားဒဏ် ရာတွေရရှိတဲ့အတွက် ဖြူးဆေးရုံကိုတင်ပို့ထားတယ်လို့ သိရပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးမှာ ခန့်မှန်းကာလ တန်ဖိုး ငွေကျပ် သိန်း(၁၅၀) ခန့်ပျက်စီးခဲ့ပါတယ်။
(၁၂)ဘီးယာဉ်မောင်းဟာ အခြားယာဉ်နှစ်စီးကို ၀င်တိုက်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပြီး အဲဒီယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် ဖြူးမြို့မရဲစခန်းက ဆောင်ရွက်နေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ နဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ဇေယျဝတီ-ဖြူးလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
01:15
Rating: