နေပြည်တော်၊ မေ ၂၀
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ကျောက်တံခါးမြို့နယ် မိုင်တိုင်အမှတ် ၁၀၃ အနီး နေပြည်တော်မဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ဘုန်းမြင့်အောင် မောင်းနှင်လာသော Scania Express ယာဉ်မှာ မေ ၁၉ ရက် ည ၈ နာရီခန်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံများတိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၂၀ဦး ၊အမျိုးသမီး ၈ ဦး ၊ပေါင်း ၂၈ ဦးမှာထိခိုက်မှု မရှိသော်လည်း မော်တော်ယာဉ်မှာ ရှေ့ဘန်ဘာကျိုးပဲ့၊ ရှေ့ဘီးပြုတ်ထွက် သွားကြောင်းသိရသည်။
သို့ပါ၍ ယာဉ်မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သောယာဉ်မောင်းအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Nan Myat Oo (fb)
အမြန်လမ်းတွင် SCANIA Express ယာဉ်မတော်တစ်ဆမှုဖြစ်
Reviewed by THITHTOOLWIN
on
11:05
Rating: