ခိုလမ်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ရုံးဖွင့်လှစ်


မေ ၃၁ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ တွင် မြန်မာအစိုးရတပ်မတော်၊ သျှမ်းအပစ်ရပ် RCSS/SSA ၊ ပအိုးအပစ်ရပ် PNLO နှင့် ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေး ကိုယ်စားလှယ်များ စုပေါင်း ပြီး ပြည်နယ်အဆင့်ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ရုံး ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၇ ခု မေ ၃၀ ရက် နေ့က သျှမ်းပြည်နယ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွင့်ပွဲသို့ ပြည်ထောင်စုအဆင့် JMC-U ကော်မတီ ၁၄ ၊ ဦး၊ လင်းခေးမြို့၌ ဖွဲ့စည်းလိုက်သည့် ခရိုင်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် ၈ ဦး အပါအဝင် အစိုးရ၊ တပ်မတော်၊ ပအိုဝ်း အမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်တော်ကြီးများ စုစုပေါင်း ၄၆ ဦး တက်ရောက် သည်ဟုသိရသည်။

“ အရင်က ကျနော်တို့ တဖွဲ့တည်းအနေနဲ့ တောင်ကြီးမှာ ရုံးဖွင့်ထားတယ်။ အခုက ခိုလမ်မှာ ဖွင့်လှစ် လိုက်တဲ့ ရုံးသစ်က ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါတယ်” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

သျှမ်းပြည်နယ် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ ဝင်များ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် ရုံးသစ်ဖွင့်လှစ်ရန် RCSS/SSA မှ ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ထည့်ဝင်ကြောင်း RCSS ပိုင် taifreedom ဝဲပ်ဆိုဒ်တွင် ဖေါ်ပြထားသည်။

အဆိုပါ ဖွင့်လှစ်လိုက်သည့် သျှမ်း - ပြည်နယ်အဆင့်ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပူးတွဲရုံးထိုင်မည်ဖြစ်ကြောင်း၊ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရ တပ်မတော်ကြားဖြစ် ပွားသည့် ပြဿနာများ၊ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် ပြဿနာများ စုပေါင်း ဖြေရှင်းကြမည်ဖြစ်ကြောင်း ၊ အဆိုပါလက်နက်ကိုင်များနှင့်ပတ်သက်သည့်ကိစ္စရပ်များအား လူထု အနေဖြင့်လည်း အဆိုပါရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်သည်ဟုလည်းသိရှိရသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ခိုလမ်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ရုံးဖွင့်လှစ် ခိုလမ်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ရုံးဖွင့်လှစ် Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.