အမြန်လမ်းတွင် ရွှေမန်းသူ ခရီးသည်တင် Express ယာဉ်မှ light truck ယာဉ်ကို နောက်မှဝင်တိုက် ၂ ဦးသေ ၁၄ ဦး ဒဏ်ရာရ
နေပြည်တော် ၊မေ ၃၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥတ္တရသီရိမြို့ နယ် မိုင်တိုင်အမှတ် ၂၀၇/၄ နှင့် ၅ အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာမောင်း သန်းနိုင်စိုး မောင်နှင်လာသော ရွှေမန်းသူ Express ခရီးသည်တင်ယာဉ် မှာ မေ ၃၁ နံနက် ၂ နာရီခန်က အရှိန်မထိမ်းနိုင်ဘဲ ရှေ့ကွန်ကရစ်လမ်းအစပ်တွင် ရပ်ထားသော ယာဉ်မောင်း ဦးတင်ထွန်းမောင်းနှင်သည့် Light truck ယာဉ်အား နောက်မှဝင်တိုက်ခဲ့ပြီး ရွှေမန်းသူ ယာဉ်မောင်းမှာအခင်း ဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ရွှေမန်းသူ Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ခရီး သည် ၃၅ ဦးမှာ ထိခိုက်မှုမရှိသော်လည်း Light Truck ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၁၈ဦး အနက် ၂ ဦးသေဆုံးပြီး ၁၄ ဦး မှာ အတွင်းလူနာအဖြစ် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ များအား ပန်းတင်အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယဉ်ဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ရွှေမန်းသူExpress ယာဉ်မောင်းအား ဖမ်းဆီးရရှိရေးအတွက် ဂိတ်တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ အောင်မင်္ဂလာအဝေးပြေးဂိတ် တာဝန်ခံမှ အဆိုပါ ယာဉ်မောင်း သန်းစိုးနိုင်အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရဲစခန်းသို့လာရောက်အပ်နှံခဲ့သည်။
သို့ပါ၍ယာဉ်ကိုမဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ရွှေမန်းသူExpress ယာဉ်မောင်းအား ပန်းတင်အမြန်လမ်းရဲ တပ်ဖွဲ့စခန်းမှ ယာဉ်(ပ)၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူထားကြောင်းသိရသည်။
ညီညီသန်း(နေပြည်တော်)၊ ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Nan Myat Oo (fb)
အမြန်လမ်းတွင် ရွှေမန်းသူ ခရီးသည်တင် Express ယာဉ်မှ light truck ယာဉ်ကို နောက်မှဝင်တိုက် ၂ ဦးသေ ၁၄ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
13:58
Rating: