လှေခွင်းတောင် မြစ်ဆိပ်တွင် ရေးကစားနေကြသူများ။ ဓာတ်ပုံ-ကြယ်စင်ခ |
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ် ဆိပ်ကမ်း (အများအခေါ်အဝေါ် လှေခွင်တောင် မြစ်ဆိပ်) တွင် ရေဆင်းချိုးရာမှ ၂ ဦး ရေနစ် သေဆုံးခဲ့မှု မေလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြစ်ဆိပ်တွင် အမျိုးသမီး ၅ ဦး ရေဆင်းချိုးရာမှ အားလုံး ရေနှစ်ခဲ့ပြီး ၃ ဦး အား အချိန်မှီ ကယ်တင်နိုင်ခဲ့ကာ ၂ ဦး ရေနှစ် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ နှစ်ဦးအား ဒေသခံ ကျည်ထောင်ကျေးရွာသူ/သားများ ၀ိုင်းဝန်းရှာဖွေမှုဖြင့် ၁ နာရီ ကျော် (၁၃.၃၀ အချိန်ဖြစ် ၁၄.၅၀ အချိန်တွေ့) ကြာချိန်အတွင်းမှ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအား စစ်ဆေးမှုများပြုလုပ်ရန် နမစ (ရေဆင်း) စခန်းမှူး ရဲအုပ် ရဲဝင်းထွန်းက တရားလို ပြုလုပ်ပြီး နမစ (ရေဆင်း) သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၇ )ဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
လှေခွင်းတောင် မြစ်ဆိပ်တွင် ရေဆင်းချိုးရာမှ ၅ ဦး ရေနစ်ခဲ့ပြီး ၂ ဦးသေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:08
Rating: