မေ ၂၄
ရခိုင်ပြည်နယ်တွင် အကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၉၄ ဦးတို့မှာ မေလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၉၄ ဦးတွင် စစ်တွေအကျဉ်းထောင်မှ ၄၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၂၄ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၅ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၂၅ ဦးတို့ဖြစ်သည်။
ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၉၄ ဦးတွင် ပုဒ်မ ၁၇(၁)ဖြင့် အကျဉ်းကျခံရသူ များလည်း ပါဝင်ကြောင်းသိရသည်။
"စစ်တွေအကျဉ်းထောင်မှာ ပုဒ်မ ၁၇ (၁)နဲ့ ဖမ်းစီးခံထားရတာက ၂၀ ဦးရှိတယ်၊ အခုလွတ်ပေးတာက ကျွန်တော်တို့ ၁၉ ဦးပဲပါတယ်၊ ကျန်တဲ့တစ်ဦးက လက်နက်မှုနဲ့ မလွတ်ပဲကျန်ခဲ့တယ် " ဟု စစ်တွေ အကျဉ်းထောင်မှလွတ်မြောက်လာသူ ကိုဇော်မင်းဦးက ပြောသည်။
ယခုလွတ်မြောက်လာသူများတွင် နိုင်ငံသား ၆၂ ဦးနှင့် နိုင်ငံခြားသား ၃၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
By - သက်နိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရခိုင်ပြည်နယ်တွင် အကျဉ်းသား ၉၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်
Reviewed by THITHTOOLWIN
on
14:41
Rating: