ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူ ၊ ဈေးဆိုင် နှင့် မော်တော်ယာဉ်များအပေါ်သို့ သစ်ပင်ပြိုလဲပိကျမှုဖြစ်
ပန်းတောင်း မေ. ၂၀
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ အကောက်တောင်ဘုရားသို့သွားသော ဧရာဝတီမြစ်ကမ်းဘေးအနီးတွင် မေ ၂၀ ရက် ယနေ့ ညနေ ၃ နာရီခွဲအချိန်ခန့် က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဈေးဆိုင်တစ်ဆိုင် လူနှစ်ဦး နှင့် ဘုရားဖူးယာဉ်သုံးစီးတို့အပေါ်သို့ စိန်ပန်းပင်ပြိုလဲပိကျမှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ လေဘေးသင့်မှုအား ပြည်ခရိုင် မီးသတ်တပ်ဖွဲ့နှင့် လူကယ်ပြန်ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ဒေသတွင်းလူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီမှုများ ဆောင်ရွက်ပေး လျှက်ရှိ ကြောင်းသိရပြီး သစ်ပင်ပိခံရသူနှစ်ဦးအနက် တစ်ဦးမှာ ထုံးဘိုမြို့တိုက်နယ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိပြီး ကျန်တစ်ဦးအား တာဝန်ရှိသူများက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
မျိုးကျော်ကြီး (ပြန်/ဆက်)
သတင်းပေးပို့သူ .... ဦးမျိုးကျော် - ဓါတ်ပုံ-၂
ပြည်ခရိုင် - ပြန်/ဆက်
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူ ၊ ဈေးဆိုင် နှင့် မော်တော်ယာဉ်များအပေါ်သို့ သစ်ပင်ပြိုလဲပိကျမှုဖြစ်
Reviewed by THITHTOOLWIN
on
11:11
Rating: